Covid-19 ကာလအတွင်း လူအင်အားများဖြင့် စီတန်းလှည့်လည် မဲဆွယ်စည်းရုံးနေမှုများနှင့် ပတ်သက်၍ မကွေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်က အစိုးအရအဖွဲ့ကို တင်ပြသွားမည်

Covid-19 ကာလအတွင်း လူအင်အားများဖြင့် စီတန်းလှည့်လည် မဲဆွယ်စည်းရုံးနေမှုများနှင့် ပတ်သက်၍ မကွေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်က အစိုးအရအဖွဲ့ကို တင်ပြသွားမည်
အောက်တိုဘာ 3, 2020
By Tachileik News Agency
Covid-19 ကာလအတွင်း လူအင်အားများဖြင့် စီတန်းလှည့်လည် မဲဆွယ်စည်းရုံးနေမှုများနှင့် ပတ်သက်၍ မကွေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်က အစိုးအရအဖွဲ့ကို တင်ပြသွားမည်
ပါတီဝန်းရံသူများ အနေဖြင့် မဲဆွယ်စည်းရုံးရေးများကို လူအင်အားဖြင့် စီတန်းလှည့်လည်ရာတွင် ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်ရယူရန် မလိုဘဲ ဆောင်ရွက်ခွင့်ရှိသည် ဆိုသော်လည်း Covid-19 ကူးစက်ပြန့်နှံ့မှု ထိန်းချုပ်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သလို စီမံဆောင်ရွက်ပေးနိုင်ရန် မကွေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရွေး/ကော်မှာ ခွင့်ပြုချက် ယူစရာမလိုဘဲ ဆောင်ရွက်နိုင်ကြတယ်ဆိုပေမယ့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ငြိမ်း/စု/စီတို့နဲ့ ငြိကောင်း ငြိနိုင်ပါတယ်။ အမှန်တကယ်က ပါတီဝန်းရံသူတွေအနေနဲ့ ငြိမ်းစုစီဥပဒေအရဆိုလို့ရှိရင် လူစုလူဝေးနဲ့ သွားလာလှည့်လည်မယ် ဆိုရင် စီတန်းလှည့်လည်ခွင့် တင်ရမယ်။ ဒီလိုတင်ကြတာမျိုးလည်းမရှိဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ COVID ကူးစက်ပြန့်နှံ့မှု ထိန်းချုပ် နိုင်ရေးအတွက် ဖြစ်နေတဲ့ဖြစ်စဉ်တွေကို ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဒီလိုဖြစ်စဉ်လေးတွေ တော့ ဖြစ်နေတယ်။ ဒါလေးတွေကို သိရှိပြီး လိုအပ်သလို စီမံဆောင်ရွက်နိုင်ပါရန်ဆိုတဲ့ အသိပေးစာ တင်ပြဖို့ရှိပါတယ်”ဟု မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။
မဲဆွယ်စည်းရုံးခွင့်တွင် လူ(၅၀)နှင့်အထက် မပိုရဟု သတ်မှတ်ထားသော်လည်း ဝန်းရံသူများအနေဖြင့် ယာဉ်တန်းများဖြင့် စီတန်းလှည့်လည်ကြရာတွင် လူအင်အား (၇၀) ဝန်းကျင်မှ  (၁၀၀) (၁၇၀)ဝန်းကျင် အထိ ဖြစ်နေတာမျိုးများ တွေ့ရှိနေရ၍ COVID ရောဂါ ပြန့်ပွားလာမည်ကို စိုးရိမ်ရသဖြင့် အစိုးရအဖွဲ့သို့ တင်ပြမည်ဖြစ်ရာ အစိုးရအဖွဲ့မှလည်း ယင်းကိစ္စအပေါ် လိုအပ်သလိုဆောင်ရွက် ပေးမည့် အနေအထားမျိုး ရှိကြောင်းနှင့် ပါတီဝန်းရံသူများအနေဖြင့် စည်းကမ်းလိုက်နာမှုမရှိသည့် ကိစ္စများနှင့်ပတ်သက်၍ လောလောဆယ်အရေးယူရခြင်းမျိုးများ မရှိသေးဟု မကွေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ အတွင်းရေးမှူး ဦးစိုးထွဋ်ဦး၏ ပြောကြားချက်အရ သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~