တာချီလိတ်မြို့သို့ ဝင်ရောက်လာမည့်သူများကို ဂိတ်(၃)ဂိတ်တွင် ကျန်းမာရေး စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ကုန်တင်ယာဉ်များနှင့် ခရီးသည်များ အများဆုံးဝင်ရောက်သည့် ဂိတ်(၃)ဂိတ်တွင် ပူးပေါင်းအဖွဲ့များဖြင့် Covid-19 စစ်ဆေးမှုများ ဆောင်ရွက်နေလျက်ရှိသည်။
တောင်ကြီး - ကျိုင်းတုံဘက်မှ ဝင်ရောက်လာမည့် ဂိတ်ဖြစ်သည့် မယ်ယန်း ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ မိုင်းတုံ - မိုင်းဆတ်ဘက်မှ ဝင်ရောက်လာနိုင်မည့် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ မိုင်းဆတ်ဘက်မှ ယာဉ်ကြီးများ ဝင်ရောက်လာနိုင်မည့် တာချီလိတ်ရှိ ဟွေရဲ စစ်ဆေးရေးဂိတ်တွင်လည်းကောင်း ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
မိုင်းတုံ နှင့် မိုင်းဆတ်ဘက်မှ လာသူများကို စစ်ဆေးခြင်းအဖြစ် ၂၀၂၀ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့တွင် စတင် ဆောင်ရွက်နေခြင်း ဖြစ်သည်။
ပုံအညွှန်း - လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာလ(၁၃)ရက်နေ့တွင် စစ်ဆေးနေစဉ်