မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း တာချီလိတ် - မိုင်းဆတ်သွားကားလမ်းပေါ်တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရာက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ တာချီလိတ် - မိုင်းဆတ်သွား ကားလမ်း၊ စန်းလုကျေးရွာအတက်လမ်းအနီးတွင် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က အားဆာ ဆိုသူ မောင်းလာသည့် ဆိုင်ကယ်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကွင်းဆက်ကို ဖော်ထုတ်နေပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။