စက်တင်ဘာလ(၁၈)ရက်နေ့ ညပိုင်းတွင် အတည်ပြုလူနာ (၁၆၈)ဦး ထပ်တိုး၍ ကူးစက်ခံရသူ စုစုပေါင်း (၄၄၆၇)ဦးရှိလာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ(၁၈)ရက်နေ့အတွက် ဓါတ်ခွဲနမူနာ (၂,၅၃၄)ခုကို စစ်ဆေးရာ (၁၆၈)ဦးတွင် Covid-19 ပိုးတွေ့ရှိ၍ အတည်ပြုလူနာ စုစုပေါင်း (၄,၄၆၇)ဦးအထိရှိနေပြီဖြစ်ကြောင်း ည(၈)နာရီတွင် သတင်းထုတ်ပြန်ထားရှိသည်။
သေဆုံးသူမှာလည်း (၂)ဦးထပ်တိုး၍ စုစုပေါင်း သေဆုံးသူ (၇၀)ဦးရှိနေကြောင်း သိရပြီး လက်ရှိတွင် Covid-19 အတည်ပြုလူနာအများဆုံး တွေ့ရှိရသည့် ဒေသမှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ကြောင်း သိရသည်။
Tachileik News Agency