သီပေါ မှ ပခုက္ကူသို့ စိတ်ကြွဆေးပြားသယ်ဆောင်လာသည့် အမျိုးသား (၁) ဦးကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ ည (၁၂) နာရီဝန်းကျင်တွင် ဖမ်းဆီးရမိကြောင်း သိရသည်။
အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု ပါဝင်သည့် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် အိုရီယမ်တယ်တိုးဂိတ်တွင် စစ်ဆေးနေစဉ် ည (၁၂)နာရီဝန်းကျင်က ရောက်လာသည့် အငှားယာဉ်တစ်စီးအား စစ်ဆေးရာ ယာဉ်မောင်းအမျိုးသား၏ ပေါင်ပေါ်တင်လာသည့် ကျွတ်ကျွတ်အိတ်အထုပ်အတွင်းမှ တံဆိပ်မပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၂,၀၀၀)ပြားကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မောင်းသည် သီပေါမြို့မှ စိတ်ကြွဆေးပြားများကို ပခုက္ကူသို့ အခကြေးငွေယူ၍ ပို့ဆောင်ပေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် အသက် (၃၃) နှစ်အရွယ် သူရအောင်ကို ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ) ၃၆/ ၂၀၂၀၊ မူး/ စိတ် ပုဒ်မ ၁၉(က)/ ၂၀ (က) ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်