ကျောက်မဲမြို့ကို ခွေးရူးကင်းမဲ့ဇုန်ဖြစ်ဖို့ ပိုင်ရှင်မဲ့ခွေးများကို သားကြောဖြတ်ကာ ခွေးရူးကာကွယ်ဆေးထိုးပေး
ရှမ်းပြည်နယ်မြောက်ပိုင်းထဲက ကျောက်မဲမြို့ကို ခွေးရူးရောဂါကင်းမဲ့ဇုန်ဖြစ်ဖို့အတွက် ပိုင်ရှင်မဲ့ခွေးများကို သားကြောဖြတ်ခြင်းနဲ့ ခွေးရူးရောဂါကာကွယ်ဆေးထိုးခြင်းကို ကျောက်မဲပြည်သူ့ဆေးရုံနဲ့ စစ်ကိုင်းကRoyal Heart ပိုင်ရှင်မဲ့ခွေးထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့က (၆)လ စီမံချက်နဲ့ စတင်ဆောင်ရွက်နေပါတယ်။
စီမံချက်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့က စတင်လိုက်ပြီး ကျောက်မဲပြည်သူ့ဆေးရုံဝန်းအတွင်း ယာယီဆေးခန်းဖွင့်လှစ်ကာ ပိုင်ရှင်မဲ့ခွေးများကို စတင်ဖမ်းဆီး ဆေးရုံဝန်းအတွင်းမှာ ဆေးထိုးပေးနေတာဖြစ်ပါတယ်။
ကျောက်မဲတစ်မြို့လုံးက ပိုင်ရှင်မဲ့ခွေးများကို ဖမ်းဆီးဆေးထိုးပေးခြင်းကို စည်ပင်သာယာရေးဌာန၊ မြို့ခံလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - နေဖြိုးမြင့်