Covid-19 ပြည်တွင်း ကူးစက်မှု (၇၀)ဦးတွင် ရခိုင်ပြည်နယ်က (၆၉)ဦး နှင့် ရန်ကုန်က တစ်ဦး ပါဝင်

Covid-19 ပြည်တွင်း ကူးစက်မှု (၇၀)ဦးတွင် ရခိုင်ပြည်နယ်က (၆၉)ဦး နှင့် ရန်ကုန်က တစ်ဦး ပါဝင်
သြဂုတ် 26, 2020
By Tachileik News Agency
Covid-19 ပြည်တွင်း ကူးစက်မှု (၇၀)ဦးတွင် ရခိုင်ပြည်နယ်က (၆၉)ဦး နှင့်  ရန်ကုန်က တစ်ဦး ပါဝင်
၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့ နံနက်ပိုင်းက ထပ်တိုးသည့် အတည်ပြုလူနာ (၇၀)ဦးမှာ နိုင်ငံခြားသွားရန် ကျန်းမာရေးစစ်ဆေးခံယူသည့် ရန်ကုန်မှ အမျိုးသားတစ်ဦးနှင့် ရခိုင်ပြည်နယ်မှ အတည်ပြုလူနာနှင့် ထိတွေ့သူ၊ စစ်တွေမြို့သို့ ခရီးသွားရာဇဝင်ရှိသူ (၆၉)ဦးတို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးသည် နိုင်ငံခြားခရီးသွားရန် ကျန်းမာရေးစစ်ဆေးမှု ခံယူရာမှ COVID 19 ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ (၁)ဦး၊ မြောက်ဦးမြို့မှ (၈)ဦး၊ မင်းပြားမြို့မှ (၅)ဦး၊ ပုဏ္ဏားကျွန်းမြို့မှ(၁)ဦး၊ မြေပုံမြို့မှ (၆)ဦး၊ ပေါက်တောမြို့မှ (၁)ဦး၊ စစ်တွေမြို့မှ (၃၀)ဦး၊ မောင်တောမြို့မှ (၁၃)ဦး၊ ကျောက်တော်မြို့မှ (၄)ဦးနှင့် ရန်ကုန်မှ (၁)ဦးဖြစ်သည်။
မြန်မာနိုင်ငံတွင် သြဂုတ်လ (၂၆)ရက်နေ့ နံနက်ပိုင်းထုတ်ပြန်ပြီးသည်အထိ အတည်ပြုလူနာ စုစုပေါင်း (၅၇၄)ဦးရှိပြီဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~