တရုတ်နိုင်ငံမှတစ်ဆင့် ပန်ဆန်းသို့ လိင်လုပ်သားအဖြစ် ရောင်းချခံရသည့် ဗီယက်နမ်နိုင်ငံသူကို “ဝ”အဖွဲ့က ရှာဖွေကာ လူကုန်တားအဖွဲ့သို့ လွှဲပြောင်းပေး

တရုတ်နိုင်ငံမှတစ်ဆင့် ပန်ဆန်းသို့ လိင်လုပ်သားအဖြစ် ရောင်းချခံရသည့် ဗီယက်နမ်နိုင်ငံသူကို “ဝ”အဖွဲ့က ရှာဖွေကာ လူကုန်တားအဖွဲ့သို့ လွှဲပြောင်းပေး
ဇူလိုင် 18, 2020
By Tachileik News Agency
တရုတ်နိုင်ငံမှတစ်ဆင့် ပန်ဆန်းသို့ လိင်လုပ်သားအဖြစ် ရောင်းချခံရသည့် ဗီယက်နမ်နိုင်ငံသူကို “ဝ”အဖွဲ့က  ရှာဖွေကာ လူကုန်တားအဖွဲ့သို့ လွှဲပြောင်းပေး

တရုတ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့သို့ လိင်လုပ်သားအဖြစ် ရောင်းချခံရသည့် ဗီယက်နမ်နိုင်ငံသူတစ်ဦးကို အမှတ် (၁၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (လားရှိုး)၏ သတင်းပေးချက်အရ UWSA က ရှာဖွေကယ်တင်ပြီးနောက် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် လွှဲပြောင်းပေးထားကြောင်း သိရသည်။

ကျွန်တော်တို့ မနေ့က မနက်ပိုင်းမှာ နယ်ခြား “ဝ” ဂိတ်မှာ ကျွန်တော်တို့ လွှဲပြောင်းပေးလိုက်ပါတယ်။ နယ်ခြားဆိုတာကတော့ အစိုးရတပ်နဲ့ ဝ တပ်နဲ့ကြားမှာရှိတဲ့ဂိတ်ကို ဆိုလိုတာပါ။ အရင်တုန်းကလည်း ဒီလိုပူးပေါင်း လုပ်ဆောင်ပေးရတာ သုံးလေးကြိမ်လောက်ရှိပါတယ်။ အစိုးရဘက်က တိကျမှန်ကန်တဲ့သတင်းအချက်အလက် ပေးလာတယ်ဆိုရင် ကျွန်တော်တို့ဘက်က ပူးပေါင်းနေကြပါ

ဟု “ဝ”အထူးဒေသ (၂) ဆက်ဆံရေးရုံး လားရှိုးမြို့၏ တာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဗီယက်နမ်နိုင်ငံသူအား “ဝ”ဒေသ ပြင်ပဆက်ဆံရေးဌာန နှင့် UWSA ဌာနချုပ်ပန်ဆန်းမြို့ ရဲတပ်ဖွဲ့တို့က ပန်ဆန်းမြို့ရှိ သတင်းရနေရာများတွင် ပူးပေါင်းရှာဖွေ ကယ်တင်ပြီးနောက် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံသို့ နယ်ခြားမိုင်းပတ်"ဝ"ဂိတ်နေရာ၌လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အသက် (၂၀)အရွယ် ဗီယက်နမ်နိုင်ငံသူတစ်ဦးသည် တရုတ်နိုင်ငံဘက်မှ မြန်မာဘက်သို့ နိုင်ငံကူးလက်မှတ်မပါဘဲ ရောက်ရှိလာကာ လိင်လုပ်သားအဖြစ် အဓမ္မစေခိုင်းခံရပြီးနောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့ရှိ မင်းရှိုင်းဟိုတယ်တွင် နေထိုင်နေကြောင်း သတင်းရသဖြင့် ကူညီစုံစမ်း ကယ်တင်ပေးရန် အမှတ် (၁၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ (လားရှိုး)သက်ဆိုင်ရာရဲတပ်ဖွဲ့က ဇူလိုင်လ (၁၅)ရက်နေ့၌ “ဝ”အထူးဒေသ (၂) ဆက်ဆံရေးရုံး လားရှိုးသို့ သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - Nyi Rang


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~