သုံးစွဲရန်မသင့်တော်သည့် အလှကုန် (၁၀)မျိုးကို FDA ထုတ်ပြန်

သုံးစွဲရန်မသင့်တော်သည့် အလှကုန် (၁၀)မျိုးကို FDA ထုတ်ပြန်
ဇူလိုင် 3, 2020
By Tachileik News Agency
သုံးစွဲရန်မသင့်တော်သည့် အလှကုန် (၁၀)မျိုးကို FDA ထုတ်ပြန်

အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓါတုပစ္စည်းများ  ပါဝင်သည့် အလှကုန် (၁၀)မျိုးကို အများပြည်သူလူထု သုံးစွဲရန် မသင့်တော်ကြောင်း ၂၀၂၀ခုနှစ် ဇူလိုင်လ (၃)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားရှိသည်။

အလှကုန် (၁၀)မျိုးတွင် Betamethaso ne 17- Valerate(+), Mercury(+), Hydroquinone(+) Retinoic acid (+), Rhodamine B(+)များတွေ့ရှိကြောင်း နှင့် အဆိုပါ အလှကုန်(၁၀)မျိုးသည် ထိုင်းနိုင်ငံ နှင့် ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကနေဒါနိုင်ငံ ထုတ်များပါဝင်သလို ထုတ်လုပ်သည့် နိုင်ငံ မဖော်ပြထားသော အလှကုန် (၅)မျိုး ပါဝင်ကြောင်း သိရသည်။

စစ်ဆေးတွေ့ရှိရသည့် တားမြစ်ဓါတုပစ္စည်းများသည် အသားအရေပေါ်တွင် အရေအပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်း စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုတ်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းဦ ခေါင်းကိုက်ခြင်း နှင့် စိတ်ကျရောဂါများ ရရှိနိုင်ပြီး ရေရှည်သုံးစွဲနေပါက ကျောက်ကပ်ပျက်စီးခြင်းအထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန် မသင့်ကြောင်း တားမြစ် အသိပေးထားသည့် အလှကုန်နှင့်စားသောက်ကုန်များကို ထုတ်လုပ် ရောင်းချ ဖြန့်ဖြူးပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~