မိမိဆန္ဒဖြင့် ပြန်လည်ဓာတ်ခွဲစစ်ဆေးရာမှ COVID 19 ပိုးတွေ့၍ ဆေးရုံပြန်တက်နေသည့် တာချီလိတ်မှ Case 96 ကို ကုသပေးနေမှု အခြေအနေ
တာချီလိတ်မြို့၏ ပထမဆုံး အတည်ပြုလူနာ Case - 96 သည် ဆေးရုံမှဆင်းခွင့်ရပြီး ရက်ပေါင်း (၄၀)အကြာတွင် မိမိဆန္ဒဖြင့် ပြန်လည်စစ်ဆေးရာမှ Covid-19 ပိုးတွေ့ရှိကြောင်း ဓါတ်ခွဲအဖြေထွက်လာ၍ ကုသရေးလုပ်ငန်းစဉ်များ ပြန်လည်လုပ်ဆောင်နေမှု ပတ်သက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ပြည်နယ်အဆင့် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ တာဝန်ရှိသူ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောပြထားပါသည်။
Tachileik News Agency