COVID 19 ကာကွယ်ရေးတားမြစ်ချက်၊ ပန်ကြားချက်များကို ဇူလိုင်လ (၁၅) ရက်အထိ ထပ်တိုးသတ်မှတ်လိုက်ပါတယ်
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ COVID 19 ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များအား ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့အထိ ထပ်တိုးသတ်မှတ်ထားပါသည်။
- ယင်းကဲ့သို့ ထပ်တိုးလိုက်သည့်အထဲတွင် COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် လုပ်ငန်းအချို့အား စိစစ်လုပ်ကိုင်ခွင့်ပြုခြင်းအပါအဝင် ဖြေလျှော့ထားမှုများ မပါဝင်ပါ။
(COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့ ထုတ်ပြန်ချက်)
Tachileik News Agency