ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဟင်းသီးဟင်းရွက်၊ သားငါး ယာယီဈေးအဖြစ် ရှမ်းရိုးမကွင်းနှင့် ရှမ်းရှေ့တန်ဆောင်တိုင်ကွင်းတို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့မှစ၍ ရောင်းချနေပြီဖြစ်သည်။
အာခါဈေး၊ ပါလျံ (၃) ဈေး၊ ပါလျံ (၁) ဈေး၊ ဆေခမ်းဈေးများမှ သားငါးဟင်းသီးဟင်းရွက် ဈေးသည်များကို ဝိန်းကျောက်ရပ်ကွက်ရှိ ရှမ်းရှေ့တန်ဆောင်ကျောင်းရှေ့ကွင်းပြင်တွင်လည်းကောင်း၊ ဝမ်ကောင်းဈေး၊ ပုန်းထွန်ဈေး၊ ဆန်ဆိုင်းဈေး၊ ဘုရင်နောင်ဈေးနှင့် ရွှေမြေသာယာဈေးမှ သားငါး ဟင်းသီးဟင်းရွက် ဈေးသည်များကို ရှမ်းရိုးမကွင်းတွင်လည်းကောင်း ရောင်းချခွင့်ပေးထားခြင်းဖြစ်သည်။
အဆိုပါ ယာယီဈေးနေရာများတွင် နေ့စဉ် နံနက် (၅)နာရီမှ နေ့လယ် (၁၁)နာရီအထိ ရောင်းချခွင့်ပြုထားပြီး ဈေးများတွင် အဝတ်အထည်၊ ကုန်ခြောက်ဆိုင်ခန်းများ ပုံမှန်အတိုင်းရောင်းချခွင့်ပြုထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း