တာချီလိတ်မြို့တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တန်းဆွမ်း ကြွလေ့ရှိသည့် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က လက်ရှိြဖစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် ကြိုတင်ကာကွယ်ရေးအနေဖြင့် တန်းဆွမ်း အပါအဝင် ဆွမ်းအလှူခံခြင်းများကို ယာယီရပ်နားလိုက်ကြောင်း ဧပြီလ(၄)ရက်နေ့ ရက်စွဲဖြင့် အလှူရှင်များအား အသိပေး မေတ္တာရပ်ခံထားရှိသည်။
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ အပတ်စဉ် တနင်္ဂနွေတန်းဆွမ်း အပါအဝင် ရပ်ကွက် အသီးသီးသို့ ကြွရောက်ကာ အထိုင်ဆွမ်းကြွခံခြင်း နှင့် နေ့စဉ် ဆွမ်းချိုင့် ကိစ္စရပ်များဖြင့် ကျောင်းပြင်ပထွက်ခြင်းများကို ယာယီရပ်နားမည်ဖြစ်ပြီး အကြောင်းအရာအထူးကိစ္စမရှိပါက သံဃာတော်များမှ ကျောင်းအပြင်သို့ လုံးဝ ကြွရောက်မည်မဟုတ်ကြောင်း အသိပေးထားရှိသည်။
ဆွမ်းခံမကြွဖြစ်သော်လည်း ကျောင်းဝေယျာဝစ္စအဖွဲ့က အားလုံးတာဝန်ယူသွားမည်ဖြစ်ပြီး ကျောင်းအတွင်း သီတင်းသုံးနေထိုင်တော်မူသည့် ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ၊ Ph.D ( Vipassana Bhavana MCU ) (Thailand) အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တဝိရောစန အပါအဝင် ရဟန် းသာမဏေများနှင့် ယောဂီများ အပြင် ဝေယျာဝစ္စကျောင်းသားများ၏ ကျန်းမာရေးအား တပ်မတော်ဆေး နှင့် မြသဟာ ဆေးရုံ မိသားစုတို့က စောင့်ရှောက်ပေးထားကြောင်း သိရသည်။
တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် ရဟန်းသာမဏေ အပါး(၇၀)၊ အမျိုးသမီးယောဂီ (၅၄)ဦး နှင့် ဝေယျာဝစ္စကျောင်းသား (၄၇)ဦး စုစုပေါင်း (၁၇၁)ရှိကြောင်း သိရှိရသည်။
Tachileik News Agency
ဓါတ်ပုံ - ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်