တာချီလိတ်တွင် ညမထွက်ရ အမိန့်ချိုးဖောက်မှုဖြင့် ထပ်မံ ဖမ်းမိသည့် (၄)ဦးကို ထောင်ဒဏ်(၃)လစီ ချမှတ်

တာချီလိတ်တွင် ညမထွက်ရ အမိန့်ချိုးဖောက်မှုဖြင့် ထပ်မံ ဖမ်းမိသည့် (၄)ဦးကို ထောင်ဒဏ်(၃)လစီ ချမှတ်
ဧပြီ 24, 2020
By Tachileik News Agency

တာချီလိတ်တွင် ညမထွက်ရ အမိန့်ချိုးဖောက်မှုဖြင့် ထပ်မံ ဖမ်းမိသည့် (၄)ဦးကို ထောင်ဒဏ်(၃)လစီ ချမှတ်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ ညပိုင်းက ဖမ်းမိထားသည့် ညမထွက်ရအမိန့် ချိုးဖောက်သူ (၄)ဦးကို  ဧပြီလ (၂၄)ရက်နေ့၌ ထောင်ဒဏ် (၃)လစီ ပြစ်ဒဏ်ချမှတ်လိုက်ရာ ညမထွက်ရအမိန့်ချိုးဖေါက်၍ ထောင်ဒဏ်ကျခံရသူ (၈)ဦး ရှိလာပြီဖြစ်သည်။

“ (၄)ယောက်လုံးကို ထောင်ဒဏ် (၃)လစီ အမိန့်ချလိုက်ပါပြီ”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ (၄)ဦးမှာ မကာဟိုခမ်းရပ်ကွက်မှ (၃)ဦး နှင့် မယ်ခေါင်ရပ်ကွက်တို့မှ (၁)ဦး ဖြစ်ကြောင်း သိရသည်။

တာလေနှင့် ကျိုင်းလပ်အပါအဝင် တာချီလိတ်မြို့နယ်အတွင်း ည (၁၀) နာရီမှ နံနက် (၄)နာရီအတွင်း အပြင်မထွက်ရန် ဧပြီလ (၂၀)ရက်နေ့မှ ဇွန်လ (၂၂)ရက်နေ့အထိ အမိန့်ထုတ်ပြန်ထားပြီး ရပ်ကွက်အလိုက် စစ်ဆေးရေးအဖွဲ့များ၊ လှည့်လည်ကြီးကြပ်သည့် အဖွဲ့များဖြင့် လိုက်လံစစ်ဆေးဖမ်းဆီးနေခြင်းဖြစ်သည်။

ယင်းကဲ့သို့ လှည့်လည်စစ်ဆေးရာတွင် ဧပြီလ (၂၂)ရက်နေ့ ညပိုင်းက အမျိုးသား (၄)ဦးကို ဖမ်းမိခဲ့၍ ဧပြီလ (၂၃)ရက်နေ့၌ ထောင်ဒဏ် (၃)လစီ ချမှတ်လိုက်ခြင်းဖြစ်သည်။

ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကာလအတွင်း COVID 19 ကာကွယ်ရေးအတွက် တာဝန်ပေးထားသူများ၊ လူနာနှင့် ကုန်တင်ယာဉ်များမှလွဲ၍ ည (၁၀)နာရီမှ နံနက် (၄)နာရီအတွင်း အပြင်ထွက် သွားလာခွင့်မရှိကြောင်းနှင့် ချိုးဖေါက်သူများကို ပုဒ်မ ၁၈၈ ဖြင့် ခြွင်းချက်မရှိ အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~