ကျောက်မဲတွင် လူမှုကူညီရေးအသင်း (၉)သင်းအတွက် PPE အစုံ (၇၀)ကို စေတနာရှင်များ စုပေါင်းပေးအပ်အခမ်းအနားကျင်းပ

ကျောက်မဲတွင် လူမှုကူညီရေးအသင်း (၉)သင်းအတွက် PPE အစုံ (၇၀)ကို စေတနာရှင်များ စုပေါင်းပေးအပ်အခမ်းအနားကျင်းပ
မတ် 24, 2020
By 🌸

ကျောက်မဲတွင် လူမှုကူညီရေးအသင်း (၉)သင်းအတွက် PPE အစုံ (၇၀)ကို စေတနာရှင်များ စုပေါင်းပေးအပ်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့၌ Covid-19  ရောဂါ ကာကွယ်ရေး  PPE ဝတ်စုံ အစုံ (၇၀) ကို လူမှုကူညီရေးအသင်း (၉) ခုထံသို့ ၂၀၂၀ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင် စေတနာရှင်များက စုပေါင်းလှူဒါန်းသည်။

``ကျောက်မဲနဲ့အနီးတစ်ဝိုက်မှာ Covid-19 ရောဂါ သံသယရှိတာတို့၊ စောင့်ကြည့်တာတို့၊ အတည် ပြုတို့ရှိလာရင် ဝတ်စုံမလုံလောက် မှာစိုးရိမ်တဲ့အတွက် အလှူရှင်တွေ ရှာတယ်။ တစ်ခြား လူမှုကူညီရေး အသင်းတွေနဲ့ချိတ်ဆက်ပြီး ဝတ်စုံ တွေစုပေါင်းဝယ်ယူပြီး လူမှုကူညီရေး အသင်းတွေဆီ ပြန်ပေးတာ ဖြစ်ပါတယ်  ´´ ဟု PPE ဝတ်စုံများ အတွက် အလှူရှင်ရှာဖွေသူတစ်ဦး ဖြစ်သည့် ကိုကျော်မျိုး ( တောင်ပေါ်သားလေး ) က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါအခမ်းအနားသို့ ကျောက်မဲရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊လူမှုကူညီရေး အသင်းများမှ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင်းရှိ ထိုင်ခုံများအား ၃ ပေ အကွာစီ ထားရှိ စီစဉ် ထားကြာင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း Covid-19 ရောဂါပြန့်ပွားမှု မရှိစေရေးနှင့် ဖြစ်ပွားမှုရှိလာပါက အချိန်နှင့် တပြေးညီ ကဏ္ဍအလိုက်ဆောင်ရွက်ရန် အတွက်  ကော်မတီတစ်ခုကို မတ်လ (၂၃) ရက်နေ့က ဖွဲ့စည်းထားပြီးဖြစ်သည်ဟု သိရသည်။

Tachileik News Agency
သတင်း နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~