မင်းလှ နှင့် ငဖဲတွင် အထောက်အထားမဲ့ ဘင်္ဂါလီ (၁၅)ဦး နှင့်အတူ ငွေကြေးရယူ ပို့ဆောင်ပေးသူ (၂)ဦး ဖမ်းမိ

မင်းလှ နှင့် ငဖဲတွင် အထောက်အထားမဲ့ ဘင်္ဂါလီ (၁၅)ဦး နှင့်အတူ ငွေကြေးရယူ ပို့ဆောင်ပေးသူ (၂)ဦး ဖမ်းမိ
မတ် 9, 2020
By Tachileik News Agency

မင်းလှ နှင့် ငဖဲတွင် အထောက်အထားမဲ့ ဘင်္ဂါလီ (၁၅)ဦး နှင့်အတူ ငွေကြေးရယူ ပို့ဆောင်ပေးသူ (၂)ဦး ဖမ်းမိ

မကွေးတိုင်းဒေသကြီး မင်းလှ နှင့် ငဖဲမြို့နယ်အတွင်း ခိုးဝင်လာသည့် တရားမဝင် အထောက်အထားမဲ့ ဘင်္ဂါလီ (၁၅)ဦး နှင့် အခကြေးငွေရယူကာ ပိုဆောင်ပေးသူများကိုပါ  ၂၀၂၀ခုနှစ် မတ်လ(၉)ရက်နေ့ နံနက်အစောပိုင်းက ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ဘင်္ဂါလီလူမျိုးများ ရောက်ရှိနေကြောင်း သတင်းရရှိ၍ ငဖဲမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရှာဖွေရာ ပဒါန်းလမ်းဆုံတွင် လမ်းပြတစ်ဦးဖြစ်သူ မောင်ဖား နှင့်အတူ ဘင်္ဂါလီ(၁၁)ဦးအား ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူပင် မင်းလှမြို့နယ်အတွင်းသို့ အထောက်အထားမဲ့ ဝင်ရောက်လာသည့် ဘင်္ဂါလီ(၄)ဦးကိုလည်း ရေနံမ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ပုသိမ်-မုံရွာ ကားလမ်း ကန်တုတ်ကျေးရွာအုပ်စု ကျစ်ဖျားကျေးရွာအရှေ့ဘက်မှ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မကွေးတိုင်းအတွင်းသို့ တရားမဝင် အထောက်အထားမဲ့ ဘင်္ဂါလီများ ဝင်ရောက်လေ့ရှိနေသည့်အတွက် ရဲတပ်ဖွဲ့နှင့် နယ်မြေသတင်းပေးအဖွဲ့တို့က စုံစမ်းမှုများ ပြုလုပ်နေလျက်ရှိရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အထောက်အထားမဲ့ ဘင်္ဂါလီလူများအား အခကြေးငွေရယူ၍ ပို့ဆောင်ပေးသူ  တင်ဝင်း နှင့် မောင်ဖား တို့(၂)ဦးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ အရ လည်းကောင်း၊ ဘင်္ဂါလီ(၁၅)ဦးကို ၁၉၄၉ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူ များမှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၆(၃)ဖြင့်လည်းကောင်း သက်ဆိုင်ရာရဲစခန်းများမှ အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း အထောက်အထားမဲ့ ဘင်္ဂါလီများအား မကြာမခဏ ဖမ်းဆီးရရှိမှုများ ရှိနေပြီး မင်းလှမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် အထောက်အထားမဲ့ ဘင်္ဂါလီ(၁၅)ဦးကို လည်း ၂၀၂၀ခုနှစ် မတ်လ(၆)ရက်နေ့က အလုပ်နှင့် ထောင်ဒဏ်(၂)နှစ်စီ ကျခံစေရန်  အမိန့်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~