ရွှေတြိဂံဇုန်ဟိုတယ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်သစ်မိတ်ဆက်ပွဲ နှင့် ဟိုတယ်ဝန်ထမ်းများ မိတ်ဆုံစားပွဲ အခမ်းအနား တာချီလိတ်တွင် ကျင်းပ

ရွှေတြိဂံဇုန်ဟိုတယ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်သစ်မိတ်ဆက်ပွဲ နှင့် ဟိုတယ်ဝန်ထမ်းများ မိတ်ဆုံစားပွဲ အခမ်းအနား တာချီလိတ်တွင် ကျင်းပ
ဖေဖော်ဝါရီ 17, 2020
By Tachileik News Agency
ရွှေတြိဂံဇုန်ဟိုတယ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်သစ်မိတ်ဆက်ပွဲ နှင့် ဟိုတယ်ဝန်ထမ်းများ မိတ်ဆုံစားပွဲ အခမ်းအနား တာချီလိတ်တွင် ကျင်းပ

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)၏ အလုပ်အမှုဆောင်သစ်မိတ်ဆက်ပွဲနှင့် ဟိုတယ်ဝန်ထမ်းများ မိတ်ဆုံစားပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ညနေ (၆) နာရီတွင် ဟိုတယ်တာချီလိတ်၌ ကျင်းပသည်။

"ရှမ်းအရှေ့ဒေသရဲ့ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာစေဖို့အတွက် ခရီးသွားနယ်မြေသစ် ဖော်ဆောင်ရေး၊ ကျွမ်းကျင်လုပ်သားများ တိုးပွားလာစေရေး၊ ဟိုတယ်လုပ်သားများရဲ့ ဘဝလုံခြုံရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေး၊ နိုင်ငံတော်အတွက် အခွန်ငွေတိုးပွားအောင်ဆောင်ရွက်ခြင်းများအပြင် ရှမ်းအရှေ့ဒေသရဲ့လူမှုရေးလုပ်ငန်းများကိုလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားသွားမှာ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)၏ ဥက္ကဌ ဖြစ်သူ ဦးထွန်းနေဦးက အဆိုပါ အခမ်းအနားတွင် ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရေးကိုလည်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အဆိုပါ အခမ်းအနားတွင် ဟိုတယ်လုပ်ငန်းရှင်များကို တိုက်တွန်းသွားသည်။

"ခရီးသွားလုပ်ငန်းက ပါဝင်ပတ်သက်သူအားလုံး ကောင်းတဲ့အကျိုးတွေသက်ရောက်မှာဖြစ်တဲ့အတွက် မိမိဒေသနဲ့ ကိုက်ညီမယ့် ခရီးသွားလုပ်ငန်းအမျိုးအစားတွေကို ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးအစီအမံတွေ၊ Non-Contact Thermometer များကို ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများမှာ ထားရှိဆောင်ရွက်ပြီးတော့ သံသယလူနာ တွေ့ရှိပါက ကျန်းမာရေးဌာနကို အချိန်နဲ့ တပြေးညီ သတင်းပေးဖို့လည်းမှာကြားလိုပါတယ်"ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ တာချီလိတ်ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ အလုပ်အမှုဆောင်သစ်တွင် ဥက္ကဌ ဦးထွန်းနေဦး (Hotel Tachileik)၊ ဒုတိယဥက္ကဌ-၁ ဦးအောင်နိုင်(1G1-7၊ 1G1-8 Hotel)၊ ဒုတိယဥက္ကဌ-၂ ဦးရဲမြင့်အောင် (Hotel Khemarattha)၊ အတွင်းရေးမှူး ဒေါ်အေးသီတာမင်းဒင် (Amazing Kengtong Resort)၊ တွဲဖက်အတွင်းရေးမှူး ဦးအာကာ(Shwe Bu Thee Hotel)၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ချို (Shwe Yee Myint Moh Motel)၊ တွဲဖက်ဘဏ္ဍာရေးမှူး ဒေါ်အားနာ (Zanr Meeq Akha Hotel)၊ စာရင်းစစ် ဒေါ်အေးအေးမွန်ဦး (Golden Lucky Motel)၊ အလုပ်အမှုဆောင်များအဖြစ် ဒေါ်မာဂရက်(Phalan Resort)၊ ဒေါ်နန်းမွန်း (Platinum Star Hotel)၊ ဦးအောင်နိုင်ထွန်း (Mekong River Hotel)၊ ဦးဝေလင်းထူး (J My King)၊ ဦးစိုင်းဆုမင်းထူး (Jing Lone Hotel)၊ ဒေါ်အီကာအောင် (Nyein Chan Hotel)၊ ဦးတင်ဝင်း(Allure Resort Hotel)၊ ဒေါ်နန်းဆွမ်ခစ်(San Sai Hotel)၊ ဒေါ်နန်းစံဟွမ် (Jing Lone Hotel)တို့ဖြင့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ရွေးချယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ အလုပ်အမှုဆောင်သစ်အဖွဲ့၏ သက်တမ်းမှာ ၂၀၂၃ ခုနှစ်အထိဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)၏ အလုပ်အမှုဆောင်သစ်မိတ်ဆက်ပွဲနှင့် ဟိုတယ်ဝန်ထမ်းများမိတ်ဆုံစားပွဲသို့ ဟိုတယ်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများနှင့် ဟိုတယ်ဝန်ထမ်းပေါင်း ထောင်နှင့်ချီ၍ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းအရေအတွက်မှာ ကျိုင်းတုံမြို့၌ (၁၆) လုံး၊ တာချီလိတ်မြို့၌ (၅၄) လုံး စုစုပေါင်း အလုံး (၇၀) ရှိပြီး အခန်းပေါင်း (၃၀၀၀) ကျော်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~