ကျိုင်းတုံမြို့တွင် ခရီးသည်တင်ယာဉ်များအား တစ်လလျှင် ဆယ်ကြိမ်အထက် စစ်ဆေးနေမှုကြောင့် ပို၍ စည်းကမ်းလိုက်နာမှု ရှိလာဟုဆို

ကျိုင်းတုံမြို့တွင် ခရီးသည်တင်ယာဉ်များအား တစ်လလျှင် ဆယ်ကြိမ်အထက် စစ်ဆေးနေမှုကြောင့် ပို၍ စည်းကမ်းလိုက်နာမှု ရှိလာဟုဆို
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် ခရီးသည်တင်ယာဉ်များအား တစ်လလျှင် ဆယ်ကြိမ်အထက် စစ်ဆေးနေမှုကြောင့် ပို၍ စည်းကမ်းလိုက်နာမှု ရှိလာဟုဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှတဆင့် အခြားမြို့များသို့ ထွက်ခွာသည့် ခရီးသည်တင်ယာဉ်များအား ယာဉ်မတော်တဆ ဖြစ်ပွားမှု လျော့နည်း ကျဆင်းရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများကို တစ်လလျှင် (၁၀)ကြိမ်အထက် ဆောင်ရွက်သည့် အတွက် ယာဉ်မောင်းအပါအဝင် ခရီးသည်များ စည်းကမ်းလိုက်နာမှု ရှိလာကြောင်း သိရသည်။

"အရင်ကထက်စာရင် ပိုပြီး လိုက်နာလာပါတယ်၊ ယာဥ်မောင်းအပါအဝင် ခရီသည် အားလုံး ထိုင်ခုံခါးပတ် ပတ်တာတွေ ယာဥ်စည်းကမ်း လမ်းစည်ကမ်းတွေ ပိုပြီးလိုက်နာလာပါတယ်၊ စစ်ဆေးတာတွေကို တစ်လကို  (၁၂)ကြိမ် အနည်းဆုံး လုပ်ပါတယ်"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ စစ်ဆေးရေးမှူး(၂) ဦးအောင်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရီးသည်တင် ယာဉ်မောင်း နှင့် ခရီးသည်များ ယာဉ်စည်းကမ်း လမ်းနာမှု ရှိမရှိအဖြစ် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နံနက်ပိုင်းက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ စစ်ဆေးရေးမှူး(၂) ဦးအောင်မိုး နှင့် ဝန်ထမ်းများ၊  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနမှ ဒုဦးစီးမှူး ဦးစိုင်းတင်ထွဋ်အောင်၊
အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ ရဲအုပ်ဇေယျာမျိုး နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ယန်းလူးလမ်းခွဲ ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုများ ပြုလုပ်ရာတွင် ခရီးသည်တင်ယာဉ်အတွင်း အရေးပေါ် ထွက်ပေါက်များ အခြေအနေ မီးသတ်ဆေးဗူးနှင့် မှန်ခွဲရန် တူ/ပုဆိန်များ အသုံးပြုမှုကို ခရီးသွားပြည်သူများမှ သိရှိနိုင်ရန်အတွက် သရုပ်ပြပညာပေးမှု ရှိမရှိ၊ ယာဉ်ထွက်ရန် နှင့် ခရီးသည်တင်ယာဉ်များတွင် သတ်မှတ်ခရီးသည် ဦးရေအတိုင်းသာ တင်ဆောင်ခြင်း ရှိမရှိ နှင့် ယာဉ်မောင်း နှင့် ခရီးသည်များ ထိုင်ခုံခါးပတ် ပတ်ခြင်း ရှိမရှိတို့ကို စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့မှ ခရီးသည်တင်ယာဉ်များသည် ကျိုင်းတုံ မှ တာချီလိတ်သို့ လည်းကောင်း၊ ကျိုင်းတုံမှ တောင်ကြီးနှင့် နယ်မြို့များသို့ ပြေးဆွဲနေလျက်ရှိကြောင်း သိရှိရသည်။ 

Tachileik News Agency
ဓါတ်ပုံ - ကညန

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~