ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ ဇန်နဝါရီလ(၂၆)ရက်နေ့အထိ (၂၀၂၂)ဦး နှင့် သေဆုံးသူ (၅၆)ဦး ရှိလာ

ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ ဇန်နဝါရီလ(၂၆)ရက်နေ့အထိ (၂၀၂၂)ဦး နှင့် သေဆုံးသူ (၅၆)ဦး ရှိလာ
ဇန်နဝါရီ 26, 2020
By Tachileik News Agency
infographics - SCMP GRAPHICS

ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူ  ဇန်နဝါရီလ(၂၆)ရက်နေ့အထိ (၂၀၂၂)ဦး နှင့် သေဆုံးသူ (၅၆)ဦး ရှိလာ

တရုတ်နိုင်ငံ နှင့် အခြားနိုင်ငံများတွင် ဝူဟန်အဆုတ်ရောင်ရောဂါကြောင့် 2020ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ သေဆုံးသူ (၅၆)ဦးရှိလာပြီး ကူးစက်ခံရသူ (2022)ဦး ဖြစ်လာနေသည့်အတွက် ဝူဟန်မြို့ရောက် နိုင်ငံသားများကို လေယာဉ်ဖြင့် ပြန်ခေါ်ထုတ်ရန် အမေရိကန်၊ ရုရှားနှင့် ပြင်သစ်တို့က စီစဉ်နေပြီဖြစ်သည်။

တရုတ်နိုင်ငံရှိ အမေရိကန်နိုင်ငံသားအနက် ရောဂါဖြစ်ပွားနိုင်ခြေမြင့်သည့်နေရာများတွင် နေထိုင်သူများကို ခေါ်ထုတ်သွားမည်ဖြစ်ပြီး လေယာဉ်ပေါ်တွင် ကုသရေးအဖွဲ့လိုက်ပါပြီး ဆန်ဖရစ္စကိုသို့ တိုက်ရိုက်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင်း ရောဂါကူးစက်ခံရသည့် ဒေသလည်း ပိုများလာနေ၍ မြို့များကို အဝင်အထွက်ပိတ်ပစ်ပြီး ရောဂါထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေရာ လက်ရှိတွင် မြို့ပေါင်း (၁၃)မြို့မှာ ပြင်ပနှင့် ဆက်သွယ်နိုင်ခြင်း မရှိတော့ဘဲ ဝူဟန်နှင့် ကီလိုမီတာ (၈၀၀)အကွာတွင်ရှိသည့် လူဦးရေ (၅.၃)သန်းနေထိုင်သည့် ရှန်တုံးမြို့မှာလည်း ထပ်မံပိတ်ပစ်ဖွယ်ရှိနေကြောင်း သိရသည်။

ဝူဟန်အဆုတ်ရောင်ရောဂါပျံ့နှံ့မှုကြောင့် တရုတ်နှစ်သစ်ကူးပွဲတော်များလည်း ကျင်းပနိုင်ခြင်းမရှိတော့ဘဲ ခရီးသွားလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ခရီးစဉ်အချို့အပါအဝင် လုပ်ငန်းအချို့ ယာယီ ရပ်ဆိုင်းထားရပြီး တရုတ်အစိုးရက ဝူဟန်အဆုတ်ရောင်ရောဂါထိန်းချုပ်ရေးကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေသည်ဟု သိရသည်။

ဝူဟန်မြို့၌ ကူးစက်ခံရသူများလာနေ၍ လက်ရှိဆေးရုံအပြင် နောက်ထပ် ဆေးရုံ (၂၄)ခုတွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူများကို လက်ခံကုသပေးရန် စီစဉ်နေကြောင်း ဇန်နဝါရီလ (၂၅)ရက်နေ့၌ သတင်းထွက်လာသည်။

တရုတ်နိုင်ငံတွင် ဝူဟန်အဆုတ်ရောင်ရောဂါကုသမှု၌ HIV ကုသသည့်ဆေးများကို အသုံးပြုနေသည်ဟု သတင်းများတွင် ဖေါ်ပြထားပြီး ကော်ရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ပထမဆုံးလူနာစတင်တွေ့ရှိစဉ်ကတည်းက စမ်းသပ်နေပြီဖြစ်ကြောင်း တရုတ်အစိုးရသတင်းဌာနက သတင်းထုတ်ပြန်သည်။

Tachileik News Agency
Ref; The Guardian
infographics - SCMP GRAPHICS

ဆက်စပ်သတင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~