ကွင်းဆင်းဆောင်ရွက်ပေးမှုအဖြစ် မိုင်းတုံမြို့တွင် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လည်းကောင်း၊ မိုင်းဆတ်မြို့တွင် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် အသစ်တွေ လုပ်ပေးမယ်။ ဆိုင်ကယ်သက်တမ်းတိုး၊ ကားသက်တမ်းတိုး လုပ်ပေးမယ်။ ဆိုင်ကယ်၊ ကားလိုင်စင်တော့ အသစ်လုပ်ပေးတာ မပါဘူး။ ကားမောင်းလိုင်စင် အသစ်လုပ်ချင်ရင် ပြည်နယ်ရုံးလာလုပ်ရမယ်။ ကွင်းဆင်းတဲ့အချိန်မှာ စစ်ဆေးခ (၂) ကြိမ်လျော့ပေးထားလို့ ကျပ် (၄၀၀၀) သက်သာမယ်"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ စစ်ဆေးရေးမှူး(၂) ဦးအောင်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအား တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံတို့တွင်သာ ဖွင့်လှစ်ထားခြင်းဖြစ်၍ တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊ မိုင်းယောင်းနှင့် မိုင်းယု စသည့် မြို့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ပေးပြီး ကျိုင်းတုံ နှင့် မိုင်းဆတ်ခရိုင်အတွင်းကိုတော့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)က ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။