ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရှမ်းပိုင်းရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိစာသင်တိုက်အတွင်း ဆရာတော်၏ မွေးနေ့ပွဲကျင်းပရာတွင် အသုံးပြုမည့် ယမ်းများပြင်ဆင်နေစဉ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့ နေ့လည်ပိုင်းက ပေါက်ကွဲမီးလောင်မှုဖြစ်ပွားသည်။
ရွှေကျောင်းတိုက်ဆရာတော်၏ သက်တော်(၅၀) ပြည့် မွေးနေ့ အလှူမင်္ဂလာပွဲကျင်းပရာတွင် အသုံးပြုမည့် နှစ်လက်မ မီးရှူးပြောင်းများ တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး ကျောင်းတိုက်အတွင်းရှိ ကျောင်းဆောင်တစ်ခု မီးလောင်သွားခဲ့ခြင်း ဖြစ်သည်။
" ပွဲမှာ လွှတ်မယ့် မီးရှူးအတွက် ယမ်းတွပြေင်နေတာ။ အဲဒီပြောင်းလေးထဲကို ယမ်းတွေထည့်ရင်း ပေါက်ကွဲတာ။ ကံကောင်းလို့ လူတွေတော့ မထိဘူး။ ဘုန်းကြီးတစ်ပါးဆောင်လို့ ခေါ်မှာပေါ့ မီးလောင်သွားတယ်။ အဆောင်ထဲက အသုံးဆောင်တွေတော့ မီးလောင်သွားတယ် " လွိုင်ကော်မြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မီးလောင်မှုနှင့်ပတ်သက်၍ ယမ်းပြုလုပ်ရာတွင် ဦးဆောင်သူအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေသည်။
လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်ရှိ ရွှေကျောင်းတိုက် ဆရာတော်၏ သက်တော်(၅၀)ပြည့် ရွှေရတုမွေးနေ့ အလှူမင်္ဂလာပွဲအား အောက်တိုဘာလ (၂၅) ရက်နေ့တွင် နိဗ္ဗာန်ဈေးပွဲတော်နှင့်အတူ ကျင်းပသွားရန် ပြင်ဆင်နခြေင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း