ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ရှိ စိန်ဂျိုးဇက်ကတ်သလစ်ဓမ္မာရုံတွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အခမ်းအနားအား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်မှ ညနေပိုင်းအထိ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ နှင့် ပတ်သက်၍ သမိုင်းနောက်ခံများပြောကြားခြင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖြစ်စဉ် များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ အမေးအဖြေ မေးခွန်းများဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု အခန်းကဏ္ဍများ၊ ယေဘုယျ နိုင်ငံရေးအခြေနေနှင့် ဒီမိုကရေစီတည်ဆောက်မှု အခန်းကဏ္ဍများ ငြိမ်းချမ်းရေးဖြစ်စဉ်များအား ဦးသွင်လင်းအောင်၊ ဦးမြအေး၊ ဦးရဲမျိုးဟိန်း တို့မှ ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်တွင်းရှိ အရပ်ဖက်အဖွဲ့စည်းများ၊ ငြိမ်းချမ်းရေး စိတ်ပါဝင်စားသူများ တတ်ရောက်ခဲ့ကြသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း