ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်အတွင်း မိုင်းပျဉ်းမြို့၏ မြို့မရဲစခန်းအား ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်ခင်မေတင့်နှင့်အဖွဲ့မှ ၂၀၁၉ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီ (၄၅)မိနစ်အချိန်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်တရားလွှတ်တော်တရားသူကြီးဒေါ်ခင်မေတင့် နှင့် အဖွဲ့မှ မိုင်းပျဉ်းမြို့မရဲစခန်း၏ အချုပ်ခန်းအား စစ်ဆေးခြင်းများကို ပြုလုပ်ပြီး အချုပ်တရားခံများနှင့်တွေ့ဆုံရာ စခန်းမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ငြိမ်းချမ်း(ပြည်)