ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက် ရှုတ်ချခြင်း နှင့် လူထုဆန္ဒထုတ်ဖော်ပွဲအား ၂၀၁၉ခုနှစ် ဇွန်လ ၂၉ ရက်နေ့ နံနက်က ကယားပြည်နယ် လွိုင်ကော်မြို့ ထေးသမရပ်ကွက်ရှိ IC ကွင်းတွင် ပြုလုပ်ခဲ့ပြီး လူဦးရေ (၁၀၀၀)ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်သည့် ကလေး သူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေကြမ်းမှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားကလေးငယ်များအတွက်သာ မဟုတ်ဘဲ တရားမဝင် ကလေးများ နိုင်ငံသားဖြစ်ရေးအတွက်ပါရေး ဆွဲထားခြင်းကြောင့် လူမျိုးဘာသာများ ပျောက်ကွယ်မည် ဆိုးသောကြောင့် အခုလိုဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးကိုယ်စားလှယ် ဒေါ်နှင်းနှင်းရီ ကဆန္ဒဖော်ထုတ်ပွဲတွင်ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ နှင့်ပါတီဝင်ခေါင်းဆောင်များ၊ ယခင်ပြည်နယ်အစိုးရ ဝန်ကြီးဟောင်းများ ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ အပါအ၀င် စုစုပေါင်းလူဦးရေ (၁၀၀၀)ကျော် တတ်ရောက်ခဲ့ကြပြီး ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေကြမ်းအပေါ် ကန့်ကွက်ရှုံ့ချခြင်း၊ ဥပဒေနှင့်ပက်သက်၍ ဟောပြောခြင်း နှင့် ဆန္ဒခံယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ကလေးသူငယ်အခွင့်ရေးဥပဒေကို ဥပဒေနှင့်အညီပြင်ဆင် ပေးရန်၊ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားသော ကလေးသူငယ်ဆိုင်ရာဥပဒေများအားပြန်လည် စီစစ်ပေးရန်၊ ကလေးမွေးစားခွင့်အား (၁၉၈၂) ဥပဒေနှင့်အညီ ပြဌာန်းနိုင်ရေး ၊ အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေး စသည့်တောင်းဆိုချက်များဖြင့် ကြွေးကြော်ကာ ဟောပြောပွဲပြုလုပ်သည့် IC ကွင်းမှ ကန္ဒာရဝတီလမ်းမကြီးပေါ် ထေးသမရပ်ကွက် အဝိုင်းထိ လမ်းလျှောက် ဆန္ဒဖ်ာထုတ်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်သည့် ကလေး သူငယ်အခွင့်ရေးဆိုင်ရာ ဥပဒကြေမ်းမှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားကလေးငယ်များအတွက်သာ မဟုတ်ဘဲ တရားမဝင် ကလေးများ နိုင်ငံသားဖြစ်ရေးအတွက်ပါရေး ဆွဲထားခြင်းကြောင့် လူမျိုးဘာသာများ ပျောက်ကွယ်မည် ဆိုးသောကြောင့် အခုလိုဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးကိုယ်စားလှယ် ဒေါ်နှင်းနှင်းရီ ကဆန္ဒဖော်ထုတ်ပွဲတွင်ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ နှင့်ပါတီဝင်ခေါင်းဆောင်များ၊ ယခင်ပြည်နယ်အစိုးရ ဝန်ကြီးဟောင်းများ၊ စစ်မှုထမ်းဟောင်း အဖွဲ့များ အပါအဝင် စုစုပေါင်းလူဦးရေ (၁၀၀၀)ကျော် တတ်ရောက်ခဲ့ကြပြီး ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒကြေမ်းအပေါ် ကန့်ကွက်ရှုံ့ချခြင်း၊ ဥပဒေနှင့်ပက်သက်၍ ဟောပြောခြင်း နှင့် ဆန္ဒခံယူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် ကလေးသူငယ်အခွင့်ရေးဥပဒေကို ဥပဒေနှင့်အညီပြင်ဆင် ပေးရန်၊ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုထားသော ကလေးသူငယ်ဆိုင်ရာဥပဒေများအားပြန်လည် စီစစ်ပေးရန်၊ ကလေးမွေးစားခွင့်အား (၁၉၈၂) ဥပဒေနှင့်အညီ ပြဌာန်းနိုင်ရေး၊ အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေး စသည့်တောင်းဆိုချက်များဖြင့် ကြွေးကြော်ကာ ဟောပြောပွဲပြုလုပ်သည့် IC ကွင်းမှ ကန္ဒါရဝတီလမ်းမကြီးပေါ် ထေးသမရပ်ကွက် အဝိုင်းထိ လမ်းလျှောက် ဆန္ဒဖာ်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း