ရခိုင္ျပည္နယ္ ေမာင္ေတာ - အငူေမာ္ ကားလမ္းေဘးရွိ ကြင္းထဲတြင္ မိုးရာသီသစ္ပင္စိုက္ပြဲအျဖစ္ အပင္ေပါင္း (၇၅၀) စုေပါင္းစိုက္ပ်ဳိး

ရခိုင္ျပည္နယ္ ေမာင္ေတာ - အငူေမာ္ ကားလမ္းေဘးရွိ ကြင္းထဲတြင္ မိုးရာသီသစ္ပင္စိုက္ပြဲအျဖစ္ အပင္ေပါင္း (၇၅၀) စုေပါင္းစိုက္ပ်ဳိး
ဇွန် 19, 2019
By Tachileik News Agency

ရခိုင္ျပည္နယ္ ေမာင္ေတာခရိုင္၊ ေမာင္ေတာၿမိဳ႕နယ္တြင္း ေမာင္ေတာ - အငူေမာ္ ကားလမ္းေဘးရွိ ေရႊရင္ေအးေက်းရြာ အေရွ႕ဘက္ကြင္းတြင္ သစ္ပင္အမ်ဳိးအစား (၄)မ်ဳိး ပါ၀င္သည့္ အပင္ေပါင္း (၇၅၀)ကို စုေပါင္းစိုက္ပ်ဳိးခဲ့ေၾကာင္း သိရသည္။

ေမာင္ေတာခရိုင္မွ ေခတၱခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲထူး ႏွင့္ ခရိုင္/ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားႏွင့္ ေဒသခံျပည္သူမ်ား စုေပါင္းကာ ၂၀၁၉ခုႏွစ္ ဇြန္လ(၁၉)ရက္ေန႔ နံနက္(၈)နာရီအခ်ိန္က စိုက္ပ်ဳိးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

"ေနာက္ပိုင္း ၿမိဳ႕အ၀င္ ကားလမ္း ေဘးဘယ္ညာေတြမွာ စိုက္ပ်ဳိးသြားဖို႔လည္း အစီအစဥ္ရွိပါတယ္"ဟု  ေခတၱခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲထူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုးရာသီသစ္ပင္စိုက္ပြဲအျဖစ္ ပထမအႀကိမ္ စိုက္ပ်ဳိးရာတြင္ ကြ်န္း အပင္(၃၅၀)၊ ပ်ဥ္းကတိုး အပင္(၂၀၀)၊ မန္ဂ်န္ရွား အပင္(၁၀၀) ႏွင့္ ကံ့ေကာ္ အပင္(၁၀၀) စုစုေပါင္း အပင္ေပါင္း (၇၅၀)ကို စိုက္ပ်ဳိးခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - Yan Aye


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင်း မောင်တော - အငူမော် ကားလမ်းဘေးရှိ ရွှေရင်အေးကျေးရွာ အရှေ့ဘက်ကွင်းတွင် သစ်ပင်အမျိုးအစား (၄)မျိုး ပါဝင်သည့် အပင်ပေါင်း (၇၅၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မောင်တောခရိုင်မှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းကာ ၂၀၁၉ခုနှစ် ဇွန်လ(၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်က စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

"နောက်ပိုင်း မြို့အဝင် ကားလမ်း ဘေးဘယ်ညာတွေမှာ စိုက်ပျိုးသွားဖို့လည်း အစီအစဉ်ရှိပါတယ်"ဟု ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုးရာသီသစ်ပင်စိုက်ပွဲအဖြစ် ပထမအကြိမ် စိုက်ပျိုးရာတွင် ကျွန်း အပင်(၃၅၀)၊ ပျဉ်းကတိုး အပင်(၂၀၀)၊ မန်ဂျန်ရှား အပင်(၁၀၀) နှင့် ကံ့ကော် အပင်(၁၀၀) စုစုပေါင်း အပင်ပေါင်း (၇၅၀)ကို စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - Yan Aye

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net