ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ၀မ်ပေါက် နှင့် ၀မ်ပျဲန်သွားလမ်းပေါ်တွင် ရှောင်တခင်ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဆိုင်ကယ်မောင်းလာသူ အမျိုးသားနှစ်ဦးအား ရပ်တန့်စစ်ဆေးရှာဖွေရာက စိတ်ကြွဆေးပြား (၂၀)ပြားကို ရှာဖွေတွေ့ရှိ၍ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါ မူးယစ်ဆေးဝါးများကို ရောင်းချပေးလိုက်သူအား စုံစမ်းမှုများ ပြုလုပ်နေပြီး လက်ရှိ ဖမ်းဆီးရမိထားသူ (၂)ဦးကို ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၁၅/၂၀၁၉ဈ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့တို့သည် ၂၀၁၉ခုနှစ် မေလ(၉)ရက်နေ့ ည(၇)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က ကျိုင်းတုံမြို့နယ် လွယ်လုံကျေးရွာအုပ်စု ဝမ်ပေါက် နှင့် ဝမ်ပျဲန်သွားလမ်းပေါ်တွင် ရှောင်တခင်ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဝမ်ပေါက်ကျေးရွာဘက်မှ စိုင်းယီတစ် မောင်းလာပြီး စိုင်းဆမ်လုံလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက စိုင်းယီတစ်ထံက စိတ်ကြွဆေးပြား (၂၀)ပြားကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါ မူးယစ်ဆေးဝါးများကို ရောင်းချပေးလိုက်သူအား စုံစမ်းမှုများ ပြုလုပ်နပြေီး လက်ရှိ ဖမ်းဆီးရမိထားသူ (၂)ဦးကို ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၁၅/၂၀၁၉ဈ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)