Tachileik News Agency
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေယာဉ်ပြေးလမ်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်၍ ၂၀၁၉ ခုနှစ် မေလ (၅)ရက်နေ့မှ (၁၅)ရက်နေ့အထိ လေယာဉ်ခရီးစဉ်အချိန်များကို နံနက် (၁၀)နာရီနောက်ပိုင်းသို့ ပြောင်းရွှေ့ထားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
တာချီလိတ်လေဆိပ်၏ လေယာဉ်ပြေးလမ်းထိပ် ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်းများကို နေ့စဉ် နံနက် (၆)နာရီမှ (၁၀)နာရီအထိ (၁၀)ရက်ကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency