ျမန္မာလုပ္သား (၁၅)ဦးကို ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ မေလးရွားသို႔ ခိုးသြင္းရန္ႀကိဳးစားစဥ္ ထုိင္းႏုိင္ငံအတြင္း ဘမ္ခလမ္ခရိုင္၌ ထုိင္းရဲတပ္ဖြဲ႕က ဖမ္းဆီးရမိထားၿပီး လုိက္ပါပို႔ေဆာင္သည့္ ထုိင္းႏုိင္ငံသား ယာဥ္ေမာင္းကိုပါ ထိန္းသိမ္းထားေၾကာင္း သိရသည္။
လူေမွာင္ခိုတင္ပို႔သူမ်ားသြားေရာက္မည့္သတင္းအရ ရဲတပ္ဖြဲ႕က မေလးႏုိင္ငံႏွင့္နယ္စပ္တြင္ ေစာင့္ဆုိင္းဖမ္းဆီးရာ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔ နံနက္ (၂)နာရီဝန္းက်င္၌ အဆိုပါေမာ္ေတာ္ယာဥ္ကို ဖမ္းဆီးမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တရားမဝင္ျမန္မာလုပ္သားမ်ားကို ပစ္ကပ္ယာဥ္ေနာက္ခန္းႏွင့္ ယာဥ္ေမာင္းေနာက္ခန္းတြင္လွဲေလ်ာင္းေနေစၿပီး ဝွက္၍သယ္လာသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းတုိ႔အနက္ ျမန္မာလုပ္သား (၉)ဦးေက်ာ္မွာ ထုိင္းနုိင္ငံ ဟတ္ယိုင္တြင္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မ်ားမွတစ္ဆင့္ မေလးရွားႏုိင္ငံသို႔ သြားေရာက္သူမ်ားျဖစ္ေၾကာင္း သိရၿပီး စံုစမ္းမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
လက္ရိွတြင္ ဖမ္းဆီးရမိသူမ်ားအား ဘမ္ခလမ္ရဲစခန္းတြင္ထိန္းသိမ္းထားၿပီး စစ္ေဆးမႈမ်ားဆက္လက္လုပ္ေဆာင္ေနကာ လူေမွာင္ခိုကူးသည့္အဖြဲ႕ကိုလည္း စံုစမ္းေဖၚထုတ္ေနေၾကာင္း သိရသည္။
Tachileik News Agency
Ref:Bangkok Post
~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
မလေးရှားသို့ ခိုးဝင်မည့် မြန်မာလုပ်သား (၁၅)ဦးကို ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိ
*******
မြန်မာလုပ်သား (၁၅)ဦးကို မော်တော်ယာဉ်တစ်စီးဖြင့် မလေးရှားသို့ ခိုးသွင်းရန်ကြိုးစားစဉ် ထိုင်းနိုင်ငံအတွင်း ဘမ်ခလမ်ခရိုင်၌ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး လိုက်ပါပို့ဆောင်သည့် ထိုင်းနိုင်ငံသား ယာဉ်မောင်းကိုပါ ထိန်းသိမ်းထားကြောင်း သိရသည်။
လူမှောင်ခိုတင်ပို့သူများသွားရောက်မည့်သတင်းအရ ရဲတပ်ဖွဲ့က မလေးနိုင်ငံနှင့်နယ်စပ်တွင် စောင့်ဆိုင်းဖမ်းဆီးရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့ နံနက် (၂)နာရီဝန်းကျင်၌ အဆိုပါမော်တော်ယာဉ်ကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားမဝင်မြန်မာလုပ်သားများကို ပစ်ကပ်ယာဉ်နောက်ခန်းနှင့် ယာဉ်မောင်းနောက်ခန်းတွင်လည်းကောင်း လှဲလျောင်းနေစေပြီး ဝှက်၍သယ်လာသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတို့အနက် မြန်မာလုပ်သား (၉)ဦးကျော်မှာ ထိုင်းနိုင်ငံ ဟတ်ယိုင်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်သူများဖြစ်ကြောင်း သိရပြီး စုံစမ်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရျိတွင် ဖမ်းဆီးရမိသူများအား ဘမ်ခလမ်ရဲစခန်းတွင်ထိန်းသိမ်းထားပြီး စစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေကာ လူမှောင်ခိုကူးသည့်အဖွဲ့ကိုလည်း စုံစမ်းဖေါ်ထုတ်နေကြောင်း သိရသည်။
Tachileik News Agency
Ref:Bangkok Post