ထုိင္းနိုင္ငံ၏ ပထမဆံုး ေဆးေျခာက္ပြဲေတာ္သို႔ လူႏွစ္ေသာင္းနီးပါး တက္ေရာက္

ထုိင္းနိုင္ငံ၏ ပထမဆံုး ေဆးေျခာက္ပြဲေတာ္သို႔ လူႏွစ္ေသာင္းနီးပါး တက္ေရာက္
ဧပြီ 21, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ ေဆးေျခာက္ကို ေဆးအျဖစ္အသံုးျပဳခြင့္ေပးလုိက္ၿပီးေနာက္ ပထမဆံုးက်င္းပသည့္ ေဆးေျခာက္ႏွင့္ပတ္သက္၍ သိေကာင္းစရာမ်ားရွင္းလင္းသည့္ ေဆးေျခာက္ပြဲေတာ္သို႔ လူႏွစ္ေသာင္းနီးပါး တက္ေရာက္ခဲ့ၾကၿပီး လူေပါင္း (၁၀၀၀)ေက်ာ္က ေဆးေျခာက္အသံုးျပဳခြင့္အတြက္ စာရင္းေပးသြင္းထားၾကေၾကာင္း သိရသည္။

ဘူရီရမ္ေဒသတြင္က်င္းပသည့္ အဆိုပါေဆးေျခာက္ပြဲေတာ္တြင္ ေဆးေျခာက္အသံုးျပဳသူမ်ား မွတ္ပံုတင္ႏုိင္ရန္လည္း ဖြင့္လွစ္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆးေျခာက္ကို စိတ္ပိုင္းဆိုင္ရာေဝဒနာမ်ားႏွင့္ က်န္းမာေရးအတြက္ ေဆးအျဖစ္အသံုးျပဳနည္းကို လာေရာက္မွ်ေဝသည့္ ကၽြမ္းက်င္သူမ်ားစြာလည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

ေဆးေျခာက္ကိုေဆးအျဖစ္ တရားဝင္အသံုးျပဳခြင့္မွတ္ပံုတင္ျခင္းကို ျပပြဲစတင္က်င္းပသည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၀)ရက္ေန႔မွစ၍ (၂၂)ရက္ေန႔အထိ ဘူရီရမ္ေဒသက်န္းမာေရးဌာနတြင္ မွတ္ပံုတင္ခြင့္ေပးထားရာ ပထမေန႔တြင္ မွတ္ပံုတင္သူ (၁၁၅၃)ဦးရိွခဲ့ေၾကာင္း သိရသည္။

ေဆးေျခာက္ကိုေဆးအျဖစ္အသံုးျပဳခြင့္ မွတ္ပံုတင္လုိသူမ်ားအေနျဖင့္ ႏုိင္ငံသားကတ္၊ ေဆးလက္မွတ္ႏွင့္ ကုသမႈအတြက္လိုအပ္ေၾကာင္းဆရာဝန္ေထာက္ခံခ်က္တုိ႔ လုိအပ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံ၏ ပထမဆုံး ဆေးခြောက်ပွဲတော်သို့ လူနှစ်သောင်းနီးပါး တက်ရောက်
****************
ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးအဖြစ်အသုံးပြုခွင့်ပေးလိုက်ပြီးနောက် ပထမဆုံးကျင်းပသည့် ဆေးခြောက်နှင့်ပတ်သက်၍ သိကောင်းစရာများရှင်းလင်းသည့် ဆေးခြောက်ပွဲတော်သို့ လူနှစ်သောင်းနီးပါး တက်ရောက်ခဲ့ကြပြီး လူပေါင်း (၁၀၀၀)ကျော်က ဆေးခြောက်အသုံးပြုခွင့်အတွက် စာရင်းပေးသွင်းထားကြကြောင်း သိရသည်။

ဘူရီရမ်ဒေသတွင်ကျင်းပသည့် အဆိုပါဆေးခြောက်ပွဲတော်တွင် ဆေးခြောက်အသုံးပြုသူများ မှတ်ပုံတင်နိုင်ရန်လည်း ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဆေးခြောက်ကို စိတ်ပိုင်းဆိုင်ရာဝေဒနာများနှင့် ကျန်းမာရေးအတွက် ဆေးအဖြစ်အသုံးပြုနည်းကို လာရောက်မျှဝေသည့် ကျွမ်းကျင်သူများစွာလည်း တက်ရောက်ကြကြောင်း သိရသည်။

ဆေးခြောက်ကိုဆေးအဖြစ် တရားဝင်အသုံးပြုခွင့်မှတ်ပုံတင်ခြင်းကို ပြပွဲစတင်ကျင်းပသည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့မှစ၍ (၂၂)ရက်နေ့အထိ ဘူရီရမ်ဒေသကျန်းမာရေးဌာနတွင် မှတ်ပုံတင်ခွင့်ပေးထားရာ ပထမနေ့တွင် မှတ်ပုံတင်သူ (၁၁၅၃)ဦးရှိခဲ့ကြောင်း သိရသည်။

ဆေးခြောက်ကိုဆေးအဖြစ်အသုံးပြုခွင့် မှတ်ပုံတင်လိုသူများအနေဖြင့် နိုင်ငံသားကတ်၊ ဆေးလက်မှတ်နှင့် ကုသမှုအတွက်လိုအပ်ကြောင်းဆရာဝန်ထောက်ခံချက်တို့ လိုအပ်ကြော်ငး သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net