မိုင္းျဖတ္တြင္ အသက္ (၄၀)အရြယ္အမ်ိဳးသားတစ္ဦး တူျဖစ္သူႏွင့္ စကားမ်ားရာမွ ဓါးထိုးခံရ

မိုင္းျဖတ္တြင္ အသက္ (၄၀)အရြယ္အမ်ိဳးသားတစ္ဦး တူျဖစ္သူႏွင့္ စကားမ်ားရာမွ ဓါးထိုးခံရ
ဧပြီ 29, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မုိင္းျဖတ္ၿမိဳ႕တြင္ တူျဖစ္သူႏွင့္စကားမ်ားရန္ျဖစ္ရာမွ ဓါးျဖင့္ထိုးခံရသျဖင့္ ဒဏ္ရာအျပင္းအထန္ရသြားသည့္အမ်ိဳးသားကို က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

မုိင္းျဖတ္ၿမိဳ႕မွ အသက္ (၄၀)အရြယ္ ဦးအုိက္ေတ့သည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၉)ရက္ေန႔ နံနက္ (၆)နာရီက က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ဓါးဒဏ္ရာမ်ားျဖင့္ေရာက္လာသျဖင့္ ရဲတပ္ဖြဲ႕က စစ္ေဆးရာ နံနက္ (၄)နာရီအခ်ိန္ခန္႔က ေဘးခ်င္းကပ္အိမ္တြင္ေနထုိင္သည့္ တူျဖစ္သူ စိုင္းေနာင့္ႏွင့္ စကားမ်ားရန္ျဖစ္ရာမွ စိုင္းေနာင့္က ဓါးျဖင့္ထုိးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အိုက္ေတ့တြင္ ေက်ာကုန္း၊ ဝမ္းဗိုက္ႏွင့္ ဦးေခါင္းတို႔တြင္ ဒဏ္ရာမ်ားရရိွသြားသျဖင့္ အသက္ (၂၈)ႏွစ္အရြယ္ တူျဖစ္သူ စိုင္းေနာင့္အား မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၂/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဖြတ်တွင် အသက် (၄၀)အရွယ်အမျိုးသားတစ်ဦး တူဖြစ်သူနှင့် စကားများရာမှ ဓါးထိုးခံရ
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့တွင် တူဖြစ်သူနှင့်စကားများရန်ဖြစ်ရာမှ ဓါးဖြင့်ထိုးခံရသဖြင့် ဒဏ်ရာအပြင်းအထန်ရသွားသည့်အမျိုးသားကို ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

မိုင်းဖြတ်မြို့မှ အသက် (၄၀)အရွယ် ဦးအိုက်တေ့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ နံနက် (၆)နာရီက ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ဓါးဒဏ်ရာများဖြင့်ရောက်လာသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးရာ နံနက် (၄)နာရီအချိန်ခန့်က ဘေးချင်းကပ်အိမ်တွင်နေထိုင်သည့် တူဖြစ်သူ စိုင်းနောင့်နှင့် စကားများရန်ဖြစ်ရာမှ စိုင်းနောင့်က ဓါးဖြင့်ထိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အိုက်တေ့တွင် ကျောကုန်း၊ ဝမ်းဗိုက်နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများရရှိသွားသဖြင့် အသက် (၂၈)နှစ်အရွယ် တူဖြစ်သူ စိုင်းနောင့်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၁၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net