ခရီးသြားလာမႈမ်ားသည့္ သႀကၤန္ကာလတြင္ ယာဥ္စီးခပိုမိုေကာက္ခံျခင္း ရွိမရွိ တာခ်ီလိတ္ရွိ ပါဆတ္ကားေလးကြင္းအတြင္း စားသံုးသူေရးရာမွ ၀င္ေရာက္စစ္ေဆး

ခရီးသြားလာမႈမ်ားသည့္ သႀကၤန္ကာလတြင္ ယာဥ္စီးခပိုမိုေကာက္ခံျခင္း ရွိမရွိ တာခ်ီလိတ္ရွိ ပါဆတ္ကားေလးကြင္းအတြင္း စားသံုးသူေရးရာမွ ၀င္ေရာက္စစ္ေဆး
ဧပြီ 8, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ သႀကၤန္ကာလအတြင္း ယာဥ္စီးခပိုမိုေကာက္ခံျခင္း မျပဳလုပ္ရန္အတြက္ ပါဆတ္ကားေလးကြင္းအတြင္းသို႔ စားသံုးသူေရးရာဦးစီးဌာနပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က ၂၀၁၉ခုႏွစ္ ဧၿပီလ(၈)ရက္ေန႔ ေန႔လည္ပိုင္းက သြားေရာက္စစ္ေဆးေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ပါဆတ္ကားေလးကြင္းအတြင္း ေျပးဆြဲေနသည့္ ခရီးသည္တင္ယာဥ္လိုင္းမ်ား အေနျဖင့္ သႀကၤန္ ကာလတြင္ ယာဥ္စီးခ ပိုမိုေတာင္းခံျခင္း မရိွေစေရးအတြက္ က်ိဳင္းတံုၿမိဳ႕မွ စားသံုးသူေရးရာဦးစီးဌာနမွ တာ၀န္ရိွသူမ်ားလာေရာက္၍ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးခင္ေမာင္တင့္ႏွင့္ ဌာနဆိုင္ရာမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္  စစ္ေဆးခဲ့ၾကျခင္း ျဖစ္သည္။

"တာခ်ီလိတ္ကလည္း နယ္စပ္ေဒသျဖစ္တဲ့အတြက္ တာခ်ီလိတ္နဲ႔ က်ိဳင္းတံုကလည္း ခရီးသြားလာမႈမ်ားတဲ့အတြက္ေၾကာင့္ ဒီမွာလုပ္ေဆာင္တာျဖစ္ပါတယ္။ သက္ဆိုင္ရာဌာနဆိုင္ရာေတြလည္း ပါပါတယ္။ သက္ဆိုင္ရာဌာန ဥပေဒေတြနဲ႔အညီလည္း ခရီးသည္ေတြနဲ႔ ယာဥ္လိုင္းေတြကို တတ္ႏိုင္တဲ့ ညိႇႏႈိင္းေျဖရွင္းမႈေတြလည္း ေဆာင္ရြက္သြားမွာပါ။ ယာဥ္စီးခပိုမိုေကာက္ခံတာ၊ ကားလက္မွတ္က ခံုနံပတ္နဲ႔လြဲမွားတာတို႔ တိုင္လို႔ရပါတယ္။ ေလာေလာဆယ္ကၽြန္ေတာ္တို႔ဆီတိုင္ထားတာ (၂) မႈရိွပါတယ္။ စားသံုးသူေရးရာဦးစီးဌာနက စားသံုးသူကိုအကာအကြယ္ေပးတာျဖစ္တဲ့အတြက္ တိုင္းၾကားမႈရိွတာေတြ၊ စားသံုးသူစိတ္ေၾကနပ္မႈမရိွတာေတြ၊ စားသံုးသူအခြင့္အေရးခ်ိဳးေဖာက္ခံရတာေတြ ဒါေတြျဖစ္လာရင္ ဥပေဒအရေျဖရွင္းေပးဖို႔ရိွပါတယ္"ဟု စားသံုးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးလွစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အတြင္း သႀကၤန္ကာလတြင္ ယာဥ္စီးခပိုမိုေကာက္ခံမႈမ်ားျပဳလုပ္ပါက ရွမ္းျပည္နယ္ေတာင္ပိုင္းအတြက္ ဖုန္း ၀၈၁-၂၀၆၈၀၄၊ ေတာင္ႀကီးခရိုင္တြင္ ဖုန္း ၀၈၁-၆၀၁၂၆၊ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးခရိုင္အတြက္ ဖုန္း ၀၈၂-၂၂၀၃၄၉၃၊ မူဆယ္ခရိုင္အတြက္ ဖုန္း ၀၈၂-၅၁၅၉၃၊ ေက်ာက္မဲခရိုင္အတြက္ ဖုန္း ၀၈၂-၄၀၀၆၃၊ ၀၈၂-၄၀၀၉၅၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုခရိုင္အတြက္ ဖုန္း ၀၈၄-၂၁၀၃၄ သို႔ တိုင္ၾကားႏိုင္ၿပီး သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ကြင္းဆင္းစစ္ေဆးအေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုကောက်ခံခြင်း မပြုလုပ်ရန်အတွက် ပါဆတ်ကားလေးကွင်းအတွင်းသို့ စားသုံးသူရေးရာဦးစီးဌာနပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ခုနှစ် ဧပြီလ(၈)ရက်နေ့ နေ့လည်ပိုင်းက သွားရောက်စစ်ဆေးကြောင်း သိရသည်။

တာချီလိတ်မြို့ ပါဆတ်ကားလေးကွင်းအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ အနဖြေင့် သင်္ကြန် ကာလတွင် ယာဉ်စီးခ ပိုမိုတောင်းခံခြင်း မရှိစေရေးအတွက် ကျိုင်းတုံမြို့မှ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများလာရောက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်တင့်နှင့် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

"တာချီလိတ်ကလည်း နယ်စပ်ဒေသဖြစ်တဲ့အတွက် တာချီလိတ်နဲ့ ကျိုင်းတုံကလည်း ခရီးသွားလာမှုများတဲ့အတွက်ကြောင့် ဒီမှာလုပ်ဆောင်တာဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနဆိုင်ရာတွေလည်း ပါပါတယ်။ သက်ဆိုင်ရာဌာန ဥပဒေတွေနဲ့အညီလည်း ခရီးသည်တွေနဲ့ ယာဉ်လိုင်းတွေကို တတ်နိုင်တဲ့ ညှိနှိုင်းဖြေရှင်းမှုတွေလည်း ဆောင်ရွက်သွားမှာပါ။ ယာဉ်စီးခပိုမိုကောက်ခံတာ၊ ကားလက်မှတ်က ခုံနံပတ်နဲ့လွဲမှားတာတို့ တိုင်လို့ရပါတယ်။ လောလောဆယ်ကျွန်တော်တို့ဆီတိုင်ထားတာ (၂) မှုရှိပါတယ်။ စားသုံးသူရေးရာဦးစီးဌာနက စားသုံးသူကိုအကာအကွယ်ပေးတာဖြစ်တဲ့အတွက် တိုင်းကြားမှုရှိတာတွေ၊ စားသုံးသူစိတ်ကြေနပ်မှုမရှိတာတွေ၊ စားသုံးသူအခွင့်အရေးချိုးဖောက်ခံရတာတွေ ဒါတွဖြေစ်လာရင် ဥပဒေအရဖြေရှင်းပေးဖို့ရှိပါတယ်"ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း သင်္ကြန်ကာလတွင် ယာဉ်စီးခပိုမိုကောက်ခံမှုများပြုလုပ်ပါက ရှမ်းပြည်နယ်တောင်ပိုင်းအတွက် ဖုန်း ဝ၈၁-၂၀၆၈၀၄၊ တောင်ကြီးခရိုင်တွင် ဖုန်း ဝ၈၁-၆၀၁၂၆၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင်အတွက် ဖုန်း ဝ၈၂-၂၂၀၃၄၉၃၊ မူဆယ်ခရိုင်အတွက် ဖုန်း ဝ၈၂-၅၁၅၉၃၊ ကျောက်မဲခရိုင်အတွက် ဖုန်း ဝ၈၂-၄၀၀၆၃၊ ဝ၈၂-၄၀၀၉၅၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်အတွက် ဖုန်း ဝ၈၄-၂၁၀၃၄ သို့ တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net