တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နယ်စပ်ဖြတ်သန်းလက်မှတ်ပြုလုပ်ပေးသည့် နေရာနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်တွင် မေးမည်

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နယ်စပ်ဖြတ်သန်းလက်မှတ်ပြုလုပ်ပေးသည့် နေရာနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်တွင် မေးမည်
ဧပွီ 1, 2019
By Tachileik News Agency


ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် နယ်စပ်ဖြတ်သန်းလက်မှတ်ပြုလုပ်ရန်အတွက် အများပြည်အဆင်ပြေစေရန် နေရာများ စီစဉ်ပေးထားသော်လည်း တာချီလိတ်ဘက်ခြမ်းတွင် နယ်စပ်လက်မှတ်ပြုလုပ်သူများမှာ တန်းစီသူများလာသည့်အခါ ကားလမ်းမပေါ်တွင် အများအပြားတန်းစီနေရပြီး ကားဆိုင်ကယ်များကို ရှောင်နေရခြင်း၊ ယာယီနယ်စပ်ဖြတ်သန်းလက်မှတ်အတွက် ကောင်တာမှာ နည်းနေခြင်း နှင့် အများပြည်သူမြင်သာသည့် နေရာများတွင် တစ်နှစ်စာ စာအုပ်နှင့် ပတ်သက်၍ ဗီနိုင်းများကပ်ထားမှုမရှိခြင်းတို့ကြောင့် မေးခွန်းမေးမြန်းသွားမည်ဟု  သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားတွင် နယ်စပ်ဖြတ်သန်းလက်မှတ်ထုတ်ပေးရေးနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဧပြီလ(၂)ရက်နေ့တွင် ကျင်းပမည့် ရှမ်းပြည်နယ်လွှတ်တော်၌ မိုင်းတုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မေးခွန်းမြန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် နယ်စပ်ဖြတ်သန်းလက်မှတ်ပြုလုပ်ရန်အတွက် အများပြည်အဆင်ပြေစေရန် နေရာများ စီစဉ်ပေးထားသော်လည်း တာချီလိတ်ဘက်ခြမ်းတွင် နယ်စပ်လက်မှတ်ပြုလုပ်သူများမှာ တန်းစီသူများလာသည့်အခါ ကားလမ်းမပေါ်တွင် အများအပြားတန်းစီနေရပြီး ကားဆိုင်ကယ်များကို ရှောင်နေရခြင်း၊ ယာယီနယ်စပ်ဖြတ်သန်းလက်မှတ်အတွက် ကောင်တာမှာ နည်းနခြေင်း နှင့် အများပြည်သူမြင်သာသည့် နေရာများတွင် တစ်နှစ်စာ စာအုပ်နှင့် ပတ်သက်၍ ဗီနိုင်းများကပ်ထားမှုမရှိခြင်းတို့ကြောင့် မေးခွန်းမေးမြန်းသွားမည်ဟု သိရသည်။

တာချီလိတ် - မယ်ဆိုင် တံတားကူးလက်မှတ် (၁) နှစ်စာအုပ်ပြုလုပ်ရာတွင် ငွေကြေးအမျိုးမျိုးပေးဆောင်နေရကြောင်း သိရှိရသဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့ အမှတ်(၁) တံတားသို့သွားရောက်ခဲ့ပြီး နိုင်ငံတော်မှတရားဝင်သက်မှတ်နှုန်းထားများကို အများမြင်သာသည့်နေရာများတွင် ဗီနိုင်းများဖြင့် ကပ်ထားရန်လည်း မတ်လ (၂၈) ရက်နေ့ကသွားရောက်အကြံပြုထားကြောင်းသိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net