ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်မန်းကျေးရွာအုပ်စု၊ ဝမ်တုံရွာ ဖရုံခြံတွင် အကြွေးကိစ္စ စကားများပြီး ယောက်ဖဖြစ်သူအား ဓါးဖြင့်ထိုးပြီးနောက် ရဲစခန်းတွင် ကိုယ်တိုင်လာရောက် အဖမ်းခံကြောင်း သိရသည်။
မိုင်းယောင်းမြို့ အရှေ့တောင်ဘက် (၉) မိုင်ခန့်အကွာ ဝမ်တုံရွာ ဖရုံခြံတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်က ဦးအောင်ကျော်လတ်(ခ) ရာမောက်က ညီမဖြစ်သူ၏ ယောက်ျား ဦးစိုင်းနော်ဦး(ခ) ထွန်းကြည်ထံ ရောက်လာပြီး ရရန်ရှိသည့် ငွေကြေးကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ အသင့်ပါလာသည့် ဓါးဦးချွန်နှင့် စိုင်းနော်ဦး၏ ဝမ်းဗိုက်ဘယ်ဘက်ခြမ်းကို ဓါးဖြင့်ထိုးပြီး မျက်နှာအားခြေထောက်ဖြင့် ကန်ထားခဲ့ကာ ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
မိုင်းယောင်းမြို့ အရှေ့တောင်ဘက် (၉) မိုင်ခန့်အကွာ ဝမ်တုံရွာ ဖရုံခြံတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်က ဦးအောင်ကျော်လတ်(ခ) ရာမောက်က ညီမဖြစ်သူ၏ ယောကျာ်း ဦးစိုင်းနော်ဦး(ခ) ထွန်းကြည်ထံ ရောက်လာပြီး ရရန်ရှိသည့် ငွေကြေးကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ အသင့်ပါလာသည့် ဓားဦးချွန်နှင့် စိုင်းနော်ဦး၏ ဝမ်းဗိုက်ဘယ်ဘက်ခြမ်းကို ဓားဖြင့်ထိုးပြီး မျက်နှာအားခြေထောက်ဖြင့် ကန်ထားခဲ့ကာ ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် လာရောက် အဖမ်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓားဖြင့် ထိုးခံရ၍ ဒဏ်ရာရသူမှာ မိုင်းယောင်းပြည်သူ့ဆေးရုံသို့တင်ပို့ထားစဉ် သေဆုံးသွားကြောင်း သိရသည်။
အခင်းဖြစ်နေရာအား မိုင်းယောင်းမြို့နယ်စခန်းမှူး ဒုရဲမှူးသက်လွင်နှင့်အဖွဲ့ သွားရောက်စစ်ဆေးရာတွင် ဦးစိုင်းနော်ဦး(ခ) ထွန်းကြည်မှာ ရင်ညွန့်တွင် (၁) လက်မခန့် ထိုးသွင်းဒဏ်ရာ (၁) ချက်၊ ယာလက်မောင်းတွင် (၅) လက်မခန့် ပြတ်ရှဒဏ်ရာ (၁) ချက်၊ ယာလက်ဖျန်တွင် (၃) လက်မခန့် ပြတ်ရှဒဏ်ရာ (၁) ချက်ရရှိခဲ့ပြီး မိုင်းယောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့သဖြင့် ဓားဖြင့်ထိုးသူအား ရဲလုပ်ထုံးလုပ်နည်းအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Tachileik News Agency