ထုိင္းႏိုင္ငံႏွင့္ နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ စားသံုးသူေရးရာဦးစီးဌာနဖြင့္လွစ္ရန္ ရံုးေနရာရိွေနၿပီး ဝန္ထမ္းခန္႔ထားႏုိင္ရန္ ၂၀၁၇ ခုႏွစ္ကတည္းက ႀကိဳးပမ္းေနေသာ္လည္း ၂၀၁၉ ခုႏွစ္အထိ ဝန္ထမ္းခန္႔ထားႏိုင္ျခင္ းမရိွေသးဘဲ ျပည္နယ္အစိုးရထံ တင္ျပထားဆဲျဖစ္ေၾကာင္း သိရသည္။
"ကၽြန္ေတာ္တို ႔ေလာေလာဆယ္မွာ တာခ်ီလိတ္မွာ စားသံုးသူေရးရာဦးစီးဌာနက ၀န္ထမ္းကဖြဲ႕စည္းပံုအရ မထားႏိုင္ေသးဘူး။ ဒါေပမဲ့ ကၽြန္ေတာ္တို႔က အဲဒါကိုေတာ့ တင္ျပထားပါတယ္"ဟု ျပည္နယ္စားသံုးသူေရးရာဦးစီးဌာန၊ ျပည္နယ္ထုတ္ကုန္လံုၿခံဳစိတ္ခ်မႈဆိုင္ရာ လုပ္ငန္းေကာ္မတီမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
စားသံုးသူေရးရာဦးစီးဌာန ဖြင့္လွစ္ႏုိင္ျခင္း မရိွေသးသျဖင့္ အစိုးရဌာနမဟုတ္သည့္ NGO မ်ားျဖင့္ ေဆာင္ရြက္ႏုိင္သည့္ စားသံုးသူကာကြယ္ေရးအသင္းဖြဲ႕စည္းလိုပါက ဥပေဒလုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။
လတ္တေလာတြင္ ရွမ္းျပည္နယ္အတြင္း သတ္မွတ္ခ်က္ မကိုက္ညီသည့္ စိုက္ပ်ိဳးေရးသံုးပစၥည္းမ်ား တင္သြင္းေရာင္းခ်မႈမရိွေစေရ းေဆာင္ရြက္ခ်က္အတြက္ တာခ်ီလိတ္ၿမိဳ႕၌ စားသံုးသူေရးရာဦးစီးဌာန မရိွေသးသျဖင့္ ေစ်းကြက္အတြင္း စိုက္ပ်ိဳးေရးသံုးပစၥည္းမ်ားေရာင္းခ်ေနမႈကို စစ္ေဆးအေရးယူမည့္ ေကာ္မတီတစ္ရပ္ကို ဌာန (၇)ခုျဖင့္ ဖြဲ႕စည္းထားၿပီး ပထမဆံုးအႀကိမ္စစ္ေဆးမႈကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၂၁) ရက္ေန႔က ေဆာင္ရြက္ခဲ့သည္ကို ေတြ႔ရသည္။
အဆိုပါ အဖြဲ႕က ၿမိဳ႕ေပၚရိွ ဓာတ္ေျမၾသဇာ ျဖန္႔ျဖဴးေရာင္းခ်သည့္ ဆိုင္ (၄) ဆိုင္ကို ေရွာင္တခင္ ၀င္ေရာက္စစ္ေဆးခဲ့ရာ သတ္မွတ္ခ်က္မ်ားႏွင့္ မညီညြတ္သည့္ ဓာတ္ေျမၾသဇာ၊ စိုက္ပ်ိဳးေရးသံုးေဆးမ်ားႏွင့္ မ်ိဳးေစ့မ်ားကို ဆုိင္(၃)ဆုိင္တြင္ ေတြ႔ရသျဖင့္ ထပ္မံေရာင္းခ်ျခင္းမျပဳရန္ ခံဝန္ကတိလက္မွတ္ေရးထိုးေစခဲ့ၿပီး ထပ္မံစစ္ေဆးေတြ႔ရိွပါက စိုက္ပ်ိဳးေရးဦးစီးဌာနက ဥပေဒျဖင့္ဆက္လက္အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
"ေရရွည္ေတာ့ ဥပေဒလမ္းေၾကာင္းက ဒီလိုရိွတယ္။ ဥပေဒလမ္းေၾကာင္းအတိုင္းမသြားရင္ ဘယ္လိုအေရးယူမႈရိွတယ္ဆိုတာ ရွင္းျပခဲ့တယ္။ တျခားဆိုင္ေတြလည္းလိုက္ၿပီးေတာ့ ေဖာ္ထုတ္ခိုင္းလိုက္တယ္။ လက္ရိွဆိုင္ေတြအကုန္လံုးက လိုင္စင္ေဆာင္ၿပီးသားေတြ။ ေရာင္းခ်ခြင့္လိုင္စင္ရိွၿပီးသားေတြ။ မလုပ္ရေသးတဲ့ဆိုင္ ေတြလည္း လုပ္လာေအာင္လို႔ေပါ့ေနာ္။ လိုင္စင္လုပ္ၿပီးသားလူေတြကလည္း တရား၀င္ပစၥည္းသာ ေရာင္းဖို႔ေပါ့"ဟု တာခ်ီလိတ္ခရိုင္ စိုက္ပ်ဳိးေရးဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးလွ၀င္းက ေျပာသည္။
စားသံုးသူေရးရာဦးစီးဌာနဖြင့္လွစ္ႏုိင္ျခင္း မရိွေသးသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ စုိက္ပ်ိဳးေရးသံုးပစၥည္းမ်ား စစ္ေဆးအေရးယူႏုိင္ေရးအတြက္ ေကာ္မတီတစ္ရပ္ကို ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီးဌာန၊ အေကာက္ခြန္ဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ၿမိဳ႕နယ္စည္ပင္ သာယာေရးေကာ္မတီ၊ တိရစၦာန္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ စီမံကိန္းဦးစီးဌာနႏွင့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတုိ႔ျဖင့္ ဖြဲ႕စည္းေဆာင္ရြက္ေနသည္ကို ေတြ႔ရသည္။
သတင္း - ဟန္စိုးထုိက္
"ကျွန်တော်တို့လောလောဆယ်မှာ တာချီလိတ်မှာ စားသုံးသူရေးရာဦးစီးဌာနက ဝန်ထမ်းကဖွဲ့စည်းပုံအရ မထားနိုင်သေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အဲဒါကိုတော့ တင်ပြထားပါတယ်"ဟု ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စားသုံးသူရေးရာဦးစီးဌာန ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် အစိုးရဌာနမဟုတ်သည့် NGO များဖြင့် ဆောင်ရွက်နိုင်သည့် စားသုံးသူကာကွယ်ရေးအသင်းဖွဲ့စည်းလိုပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။
လတ်တလောတွင် ရှမ်းပြည်နယ်အတွင်း သတ်မှတ်ချက် မကိုက်ညီသည့် စိုက်ပျိုးရေးသုံးပစ္စည်းများ တင်သွင်းရောင်းချမှုမရှိစေရေးဆောင်ရွက်ချက်အတွက် တာချီလိတ်မြို့၌ စားသုံးသူရေးရာဦးစီးဌာန မရှိသေးသဖြင့် ဈေးကွက်အတွင်း စိုက်ပျိုးရေးသုံးပစ္စည်းများရောင်းချနေမှုကို စစ်ဆေးအရေးယူမည့် ကော်မတီတစ်ရပ်ကို ဌာန (၇)ခုဖြင့် ဖွဲ့စည်းထားပြီး ပထမဆုံးအကြိမ်စစ်ဆေးမှုကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါ အဖွဲ့က မြို့ပေါ်ရှိ ဓာတ်မြသြေဇာ ဖြန့်ဖြူးရောင်းချသည့် ဆိုင် (၄) ဆိုင်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့် မညီညွတ်သည့် ဓာတ်မြသြေဇာ၊ စိုက်ပျိုးရေးသုံးဆေးများနှင့် မျိုးစေ့များကို ဆိုင်(၃)ဆိုင်တွင် တွေ့ရသဖြင့် ထပ်မံရောင်းချခြင်းမပြုရန် ခံဝန်ကတိလက်မှတ်ရေးထိုးစေခဲ့ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာနက ဥပဒဖြေင့်ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
"ရေရှည်တော့ ဥပဒေလမ်းကြောင်းက ဒီလိုရှိတယ်။ ဥပဒေလမ်းကြောင်းအတိုင်းမသွားရင် ဘယ်လိုအရေးယူမှုရှိတယ်ဆိုတာ ရှင်းပြခဲ့တယ်။ တခြားဆိုင်တွေလည်းလိုက်ပြီးတော့ ဖော်ထုတ်ခိုင်းလိုက်တယ်။ လက်ရှိဆိုင်တွေအကုန်လုံးက လိုင်စင်ဆောင်ပြီးသားတွေ။ ရောင်းချခွင့်လိုင်စင်ရှိပြီးသားတွေ။ မလုပ်ရသေးတဲ့ဆိုင် တွေလည်း လုပ်လာအောင်လို့ပေါ့နော်။ လိုင်စင်လုပ်ပြီးသားလူတွေကလည်း တရားဝင်ပစ္စည်းသာ ရောင်းဖို့ပေါ့"ဟု တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှဝင်းက ပြောသည်။
စားသုံးသူရေးရာဦးစီးဌာနဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် တာချီလိတ်မြို့တွင် စိုက်ပျိုးရေးသုံးပစ္စည်းများ စစ်ဆေးအရေးယူနိုင်ရေးအတွက် ကော်မတီတစ်ရပ်ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ဖြင့် ဖွဲ့စည်းဆောင်ရွက်နေသည်ကို တွေ့ရသည်။
သတင်း - ဟန်စိုးထိုက်