ရခိုင္ျပည္နယ္အတြက္ ဂ်ပန္ျပည္သူမ်ား ေပးအပ္သည့္ အျမန္ေရယာဥ္သစ္ ဂ်ပန္မွ စတင္သယ္ေဆာင္လာေနၿပီး မတ္လအတြင္း ေက်ာက္ျဖဴသို႔ ေရာက္ရိွႏိုင္

ရခိုင္ျပည္နယ္အတြက္ ဂ်ပန္ျပည္သူမ်ား ေပးအပ္သည့္ အျမန္ေရယာဥ္သစ္ ဂ်ပန္မွ စတင္သယ္ေဆာင္လာေနၿပီး မတ္လအတြင္း ေက်ာက္ျဖဴသို႔ ေရာက္ရိွႏိုင္
ဖေဖော်ဝါရီ 19, 2019
By Tachileik News Agency

ရခုိင္ျပည္နယ္ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးဌာနခြဲတြင္ အသံုးျပဳရန္အတြက္ ဂ်ပန္ႏုိင္ငံ ျပည္သူမ်ားက ေပးအပ္သည့္ အျမန္ေရယာဥ္သစ္ကို တိုက်ိဳၿမိဳ႕တြင္ တည္ေဆာက္ ၿပီးစီးသြားၿပီျဖစ္၍ ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၈)ရက္ေန႔က ယိုကိုဟားမားဆိပ္ကမ္းမွ စတင္သယ္ေဆာင္လာၿပီျဖစ္ေၾကာင္း သိရသည္။

အဆုိပါ ေရယာဥ္သစ္ကို ေရယာဥ္တင္သေဘၤာႀကီး MV V ISUZU VOY.NO.034" ျဖင့္ တင္ေဆာင္ ထြက္ခြာလာျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံ၊ ေက်ာက္ျဖဴၿမိဳ႕သို႔ မတ္လ (၁၀)ရက္ေန႔တြင္ ေရာက္ရိွႏုိင္ဖြယ္ ရိွသည္ဟု ခန္႔မွန္းထားသည္။

အဆိုပါ ေရယာဥ္အား ဂ်ပန္ႏိုင္ငံမွ The Economic and Social Development Programme FY 2016 အစီအစဥ္အရ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး၊ ရခိုင္ဌာနခြဲတြင္ အသံုးျပဳရန္ ဂ်ပန္ႏိုင္ငံ ျပည္သူမ်ားက ေပးအပ္ လွဴဒါန္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

အျမန္ေရယာဥ္သစ္ကို ကမ္းရိုးတန္းသြားအျဖစ္ အသံုးျပဳမည္ျဖစ္ကာ “ကစၦပနဒီ-၃”ဟု အမည္ေပးထားၿပီး  တိုက်ိဳၿမိဳ႕ရွိ SUMIDAGAWA SHIPYARD တြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပည္တြင္းေရေၾကာင္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရခိုင်ပြည်နယ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံ ပြည်သူများက ပေးအပ်သည့် အမြန်ရေယာဉ်သစ်ကို တိုကျိုမြို့တွင် တည်ဆောက် ပြီးစီးသွားပြီဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ယိုကိုဟားမားဆိပ်ကမ်းမှ စတင်သယ်ဆောင်လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေယာဉ်သစ်ကို ရေယာဉ်တင်သင်္ဘောကြီး MV V ISUZU VOY.NO.034" ဖြင့် တင်ဆောင် ထွက်ခွာလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့သို့ မတ်လ (၁၀)ရက်နေ့တွင် ရောက်ရှိနိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းထားသည်။

အဆိုပါ ရေယာဉ်အား ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲတွင် အသုံးပြုရန် ဂျပန်နိုင်ငံ ပြည်သူများက ပေးအပ် လှူဒါန်းထားခြင်းဖြစ်ကြောင်း သိရသည်။

အမြန်ရေယာဉ်သစ်ကို ကမ်းရိုးတန်းသွားအဖြစ် အသုံးပြုမည်ဖြစ်ကာ “ကစ္ဆပနဒီ-၃”ဟု အမည်ပေးထားပြီး တိုကျိုမြို့ရှိ SUMIDAGAWA SHIPYARD တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်တွင်းရေကြောင်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~