စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အား ရာထူးမှ ထုတ်ပယ်လိုက်ကြောင်းကို နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီလ(၁၄)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။
Tachileik News Agency
နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ ရက်စွဲဖြင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာခြင်း ခံရသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၀၈ နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၆ တို့ပါ ပြဋ္ဌာန်းချက်များအရ ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency