ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္နွင့္ AA တို႔၏ တိုက္ပြဲမ်ားေၾကာင့္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔မွ ေနရပ္ စြန္႔ခြာလာသူ (၅,၀၀၀)ေက်ာ္ခန္႔ ရိွေနၿပီး ေက်ာက္ေတာ္၊ ဘူးသီးေတာင္၊ ပုဏၰားကၽြန္းႏွင့္ ရေသ့ေတာင္ ၿမိဳ႕နယ္မ်ားသို႔ ေရာက္ရိွလာသည့္ စစ္ေဘးေရွာင္ (၂,၅၀၀) ကို ICRC က ကူညီ ေထာက္ပံ့ေပးေနေၾကာင္း သိရသည္။
“ဒီရက္ပိုင္း ေထာက္ပံ့မႈေတြ ဆက္တိုက္လုပ္ေနပါတယ္။ ဒုကၡသည္စခန္းအတိအက် ေျပာဖို႔ ခက္ေနေသးတယ္”ဟု ICRC သတင္းထုတ္ျပန္ေရး ေဒၚေအးျပည့္စံုက ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ (၁၂) ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ICRC က ဇန္နဝါရီလ (၉)ရက္ေန႔တြင္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေစတီေတာင္ႏွင့္ စပါးထားေက်းရြာမ်ားမွ စစ္ေဘးေရွာင္ (၂၅၀) ႏွင့္ ဇန္နဝါရီလ (၁၀)ရက္ေန႔တြင္ ေက်ာက္ေတာ္ၿမိဳ႕ရိွ စစ္ေဘးေရွာင္ (၁,၃၀၀)တုိ႔အပါအဝင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာ (၁၈) ရက္ေန႔မွ ၂၀၁၉ ဇန္န၀ါရီလ (၁၀) ရက္ေန႔အထိ စစ္ေဘးေရွာင္ (၂,၅၀၀)ေက်ာ္ကို အကူအညီေပးထားႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။
ICRC က စစ္ေဘးေရွာင္မ်ားအား ေထာက္ပံ့ရာတြင္ ေစာင္၊ အိပ္ယာခင္း၊ တစ္ကိုယ္ေရ က်န္းမာေရးသံုး ပစၥည္း၊ အစားအေသာက္ႏွင့္ စခန္းမ်ားတြင္ အိမ္သာေဆာက္လုပ္ႏိုင္ရန္ ေဆာက္လုပ္ေရးပစၥည္းမ်ား ေထာက္ပံ့ ေပးေနၿပီး ၿမိဳ႕ေပၚေဒသသို႔ ေရာက္ရိွေနသည့္ ဒုကၡသည္မ်ားအတြက္ တစ္အိမ္ေထာင္လွ်င္ က်ပ္ (၂၀၀၀၀) ေထာက္ပံ့ေပးေနေၾကာင္း သိရသည္။
“တစ္ခ်ိဳ႕ေနရာေတြက ICRC တစ္ခုတည္းနဲ႔တင္ အလုပ္ လုပ္လို႔ မရဘူးေပါ့။ ျမန္မာႏိုင္ငံၾကက္ေျခနီအဖြဲ႕နဲ႔ ပူးေပါင္းၿပီးေတာ့ အလုပ္ လုပ္တာမ်ိဳးလည္းရိွတယ္”ဟု ေဒၚေအးျပည့္စံုက ေျပာသည္။
လက္ရိွတြင္လည္း တိုက္ပြဲမ်ားေၾကာင့္ ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တြင္ စစ္ေဘးေရွာင္ ဒုကၡသည္ အေရအတြက္ႏွင့္ လူသား ခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ားေပးရန္ မည္မွ်လိုအပ္ေနသည္ကို ေသခ်ာ သိရိွရန္ ခက္ခဲေနေၾကာင္း သိရသည္။
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ICRC
“ဒီရက်ပိုင်း ထောက်ပံ့မှုတွေ ဆက်တိုက်လုပ်နေပါတယ်။ ဒုက္ခသည်စခန်းအတိအကျ ပြောဖို့ ခက်နေသေးတယ်”ဟု ICRC သတင်းထုတ်ပြန်ရေး ဒေါ်အေးပြည့်စုံက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ICRC က ဇန်နဝါရီလ (၉)ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ စေတီတောင်နှင့် စပါးထားကျေးရွာများမှ စစ်ဘေးရှောင် (၂၅၀) နှင့် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ကျောက်တော်မြို့ရှိ စစ်ဘေးရှောင် (၁,၃၀၀)တို့အပါအဝင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၁၈) ရက်နေ့မှ ၂၀၁၉ ဇန်နဝါရီလ (၁၀) ရက်နေ့အထိ စစ်ဘေးရှောင် (၂,၅၀၀)ကျော်ကို အကူအညီပေးထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ICRC က စစ်ဘေးရှောင်များအား ထောက်ပံ့ရာတွင် စောင်၊ အိပ်ယာခင်း၊ တစ်ကိုယ်ရေ ကျန်းမာရေးသုံး ပစ္စည်း၊ အစားအသောက်နှင့် စခန်းများတွင် အိမ်သာဆောက်လုပ်နိုင်ရန် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပံ့ ပေးနပြေီး မြို့ပေါ်ဒေသသို့ ရောက်ရှိနေသည့် ဒုက္ခသည်များအတွက် တစ်အိမ်ထောင်လျှင် ကျပ် (၂၀၀၀၀) ထောက်ပံ့ပေးနေကြောင်း သိရသည်။
“တစ်ချို့နေရာတွေက ICRC တစ်ခုတည်းနဲ့တင် အလုပ် လုပ်လို့ မရဘူးပေါ့။ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ အလုပ် လုပ်တာမျိုးလည်းရှိတယ်”ဟု ဒေါ်အေးပြည့်စုံက ပြောသည်။
လက်ရှိတွင်လည်း တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက်နှင့် လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် မည်မျှလိုအပ်နေသည်ကို သေချာ သိရှိရန် ခက်ခဲနေကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ICRC