ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၁၅)ရက်နေ့ နေ့လည်ပိုင်းက တယ်လီနောဖုန်းလိုင်း ခေတ္တပြတ်တောက်သွားခြင်းမှာ တယ်လီနောတာဝါတိုင်စိုက်ထူထားသည့် နေရာ၏ စက်ခန်းတွင် ထားရှိသော ဘထ္ထရီ ခိုးယူခံရ၍ ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်က တာချီလိတ်မြို့တွင် တယ်လီနော ဖုန်းလိုင်းများ ပြတ်တောက်သွားသည့် အတွက် တယ်လီနောတာဝါတိုင် ယာယီ စိုက်ထူထားသည့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ဦးအားတာ၏ ခြံဝင်းအတွင်းသို့ တယ်လီနော တာချီလိတ်ရုံးမှ တာဝန်ရှိသူ ဖြစ်သည့် ကိုစိုင်းနွန်းတစ်မှ သွားရောက် ကြည့်ရှုစစ်ဆေးရာ တယ်လီနောတာဝါတိုင် မီးစက် အတွင်းတွင် တပ်ဆင်ထားသည့် ဘထ္ထရီအိုး မှာ ပျောက်ဆုံးနေပြီး မီးစက်တွင် တပ်ဆင်အသုံးပြုထားသည့် ဆီပိုက်လိုင်းမှာလည်း ဖျက်ဆီးခံထားရသည်ကို တွေ့ရှိရကြောင်း သိရသည်။
Tachileik News Agency
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်က တာချီလိတ်မြို့တွင် တယ်လီနော ဖုန်းလိုင်းများ ပြတ်တောက်သွားသည့် အတွက် တယ်လီနောတာဝါတိုင် ယာယီ စိုက်ထူထားသည့် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ဦးအားတာ၏ ခြံဝင်းအတွင်းသို့ တယ်လီနော တာချီလိတ်ရုံးမှ တာဝန်ရှိသူ ဖြစ်သည့် ကိုစိုင်းနွန်းတစ်မှ သွားရောက် ကြည့်ရှုစစ်ဆေးရာ တယ်လီနောတာဝါတိုင် မီးစက် အတွင်းတွင် တပ်ဆင်ထားသည့် ဘထ္ထရီအိုး မှာ ပျောက်ဆုံးနပြေီး မီးစက်တွင် တပ်ဆင်အသုံးပြုထားသည့် ဆီပိုက်လိုင်းမှာလည်း ဖျက်ဆီးခံထားရသည်ကို တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘထ္ထရီခိုးယူပြီး ဆီပိုက်လိုင်း ဖျက်ဆီးသွားသူအား ဖမ်းဆီး အရေးယူပေးနိုင်ရန်အတွက် တာချီလိတ်မြို့ရဲစခန်းသို့ သွားရောက် တိုင်ကြားရာ တာချီလိတ်မြို့မရဲစခန်းမှ (ပ) ၂၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၄၂၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency