မြင်းခြံမြို့ ရွှေမြင်တင်ဘုန်းကြီးကျောင်းအဆင်းတွင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ တိမ်းမှောက်

မြင်းခြံမြို့ ရွှေမြင်တင်ဘုန်းကြီးကျောင်းအဆင်းတွင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ တိမ်းမှောက်
ဒီဇငျဘာ 16, 2018
By Tachileik News Agency

မြင်းခြံမြို့၊ ရပ်ကွက်(၂)ရှိ ရွှေမြင်တင်ဘုန်းကြီးကျောင်းအဆင်းတွင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်သွားရာမှာ လမ်းဘေးကမ်းပါးတွင် တိမ်းမှောက်သွား၍ ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ရွှေမြင်တင်ဘုန်းကြီးကျောင်း အဆင်းလမ်းတွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က သံချောင်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးသည် ဘရိတ်ပေါက်ပြီး သုံးဘီးဆိုင်ကယ်အား ရှောင်တိမ်းလိုက်ရမှာ လမ်းဘေးကမ်းပါးတွင် တိမ်းမှောက်သွားခြင်းဖြစ်ပြီး နံနက်(၁၁း၄၅)နာရီအထိ  မြင်းခြံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန်း၊ မြင်းခြံခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းထွန်း အပါအ၀င် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၁၅)ဦးနှင့် လူမှုရေးအသင်းအဖွဲ့များက၊ အနီးရှိ ပြည်သူများမှ စုပေါင်း ကူညီဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - TAL


~~~~~~~~⊰❂ unicode ~~~~~~~~

မြင်းခြံမြို့၊ ရပ်ကွက်(၂)ရှိ ရွှမြေင်တင်ဘုန်းကြီးကျောင်းအဆင်းတွင် မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်သွားရာမှာ လမ်းဘေးကမ်းပါးတွင် တိမ်းမှောက်သွား၍ ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ရွှမြေင်တင်ဘုန်းကြီးကျောင်း အဆင်းလမ်းတွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က သံချောင်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးသည် ဘရိတ်ပေါက်ပြီး သုံးဘီးဆိုင်ကယ်အား ရှောင်တိမ်းလိုက်ရမှာ လမ်းဘေးကမ်းပါးတွင် တိမ်းမှောက်သွားခြင်းဖြစ်ပြီး နံနက်(၁၁း၄၅)နာရီအထိ မြင်းခြံမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန်း၊ မြင်းခြံခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းထွန်း အပါအဝင် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၁၅)ဦးနှင့် လူမှုရေးအသင်းအဖွဲ့များက၊ အနီးရှိ ပြည်သူများမှ စုပေါင်း ကူညီဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူ (၃)ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - TAL

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~