ငွေလဲကောင်တာအချို့တွင် မြန်မာကျပ်ငွေအတုများ ဖမ်းမိပြီးနောက် အစိုးရခွင့်ပြုဘဏ်များနှင့် လိုင်စင်ရငွေလဲကောင်တာများတွင်သာ ငွေလဲရန် စင်္ကာပူမြန်မာသံရုံးမှ သတိပေးထား

ငွေလဲကောင်တာအချို့တွင် မြန်မာကျပ်ငွေအတုများ ဖမ်းမိပြီးနောက် အစိုးရခွင့်ပြုဘဏ်များနှင့် လိုင်စင်ရငွေလဲကောင်တာများတွင်သာ ငွေလဲရန် စင်္ကာပူမြန်မာသံရုံးမှ သတိပေးထား
ဒီဇငျဘာ 14, 2018
By Tachileik News Agency



စင်္ကာပူနိုင်ငံတွင် အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် စင်္ကာပူနိုင်ငံတွင် ကျပ်ငွေ လဲလှယ်လိုပါက စင်္ကာပူအစိုးရ၏ တရားဝင်ခွင့်ပြုချက်ရထားသော ဘဏ်များ၊ လိုင်စင်ရ ငွေလဲကောင်တာ(Money Changer)များတွင် လဲလှယ်ကြရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ ငွေလဲပါကလည်း မြန်မာအစိုးရ၏ တရားဝင်ခွင့်ပြုချက်ရထားသည့် ဘဏ်များ၊ လိုင်စင်ရ ငွေလဲကောင်တာများတွင်သာ လဲလှယ်ကြရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့က အသိပေးထားခြင်း ဖြစ်သည်။

စင်္ကာပူနိုင်ငံမှ အိမ်အကူလုပ်အားခ ရရှိလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကြောင့်  ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဗဟိုဘဏ်ဥပဒေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့က အမှုဖွင့် ဖမ်းဆီးစစ်ဆေးခံနေရခြင်းဖြစ်ပြီး စင်္ကာပူနိုင်ငံသား စုံတွဲ တစ်တွဲမှာလည်း စင်္ကာပူနိုင်ငံမှ လဲလှယ်လာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု (၄၅) ရွက်ဖြင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးခံနေရခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

စင်္ကာပူနိုင်ငံရှိ ငွေလဲကောင်တာများတွင် မြန်မာကျပ်ငွေအတုများ ဖမ်းဆီးရမိပြီးနောက် စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မြန်မာနိုင်ငံသုံးငွေလဲလှယ်လိုပါက အစိုးရ၏ တရားဝင်ခွင့်ပြုချက် ရထားသော ဘဏ်များ၊ လိုင်စင်ရ ငွေလဲကောင်တာ(Money Changer)များတွင်သာ ငွေလဲလှယ်ကြရန် စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးက သတိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။

စင်္ကာပူနိုင်ငံတွင် အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသားများ အနဖြေင့် စင်္ကာပူနိုင်ငံတွင် ကျပ်ငွေ လဲလှယ်လိုပါက စင်္ကာပူအစိုးရ၏ တရားဝင်ခွင့်ပြုချက်ရထားသော ဘဏ်များ၊ လိုင်စင်ရ ငွေလဲကောင်တာ(Money Changer)များတွင် လဲလှယ်ကြရန်နှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ ငွေလဲပါကလည်း မြန်မာအစိုးရ၏ တရားဝင်ခွင့်ပြုချက်ရထားသည့် ဘဏ်များ၊ လိုင်စင်ရ ငွေလဲကောင်တာများတွင်သာ လဲလှယ်ကြရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့က အသိပေးထားခြင်း ဖြစ်သည်။

စင်္ကာပူနိုင်ငံမှ အိမ်အကူလုပ်အားခ ရရှိလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကြောင့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်မှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဗဟိုဘဏ်ဥပဒဖြေင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၆)ရက်နေ့က အမှုဖွင့် ဖမ်းဆီးစစ်ဆေးခံနေရခြင်းဖြစ်ပြီး စင်္ကာပူနိုင်ငံသား စုံတွဲ တစ်တွဲမှာလည်း စင်္ကာပူနိုင်ငံမှ လဲလှယ်လာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု (၄၅) ရွက်ဖြင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးခံနေရခြင်းဖြစ်သည်။

အဆိုပါ စင်္ကာပူစုံတွဲ ဖမ်းဆီးခံရပြီးနောက် စင်္ကာပူနိုင်ငံရှိ ငွေလဲကောင်တာ (၁၈) ခုအား စင်္ကာပူ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ “AG” နှင့် “AE” နံပါတ်တူများ ပါဝင်သည့် မြန်မာကျပ်ငွေ တစ်သောင်းတန် ငွေစက္ကူအတုများကို သိမ်းဆည်းရမိခဲ့သည်ဟု ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် မီဒီယာများသို့ သတင်းထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~