မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးလမ်းလျှောက် နှစ်ဖက် မြေပြင်ကင်းလှည့်

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးလမ်းလျှောက် နှစ်ဖက် မြေပြင်ကင်းလှည့်
ဒီဇင်ဘာ 25, 2018
By Tachileik News Agency

မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နမိတ် မြေပြင်လှည့်ကင်းကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် (၁၀)နာရီခွဲမှ နေ့လယ်(၁၂)နာရီအထိ မောင်တောမြို့နယ်၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့်တပ်တို့ ညှိနှိုင်းဆောင်ရွက်ကြကြောင်း သိရသည်။

မောင်တောမြို့နယ်၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ အောင်သပြေနယ်မြေရုံးမှ ယာယီရဲမှူး အောင်ဆွေဦး ဦးစီးအဖွဲ့၊ စကားပြန် (၁) ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၁၁) နယ်ခြားစောင့်တပ် Panchari ကင်းစခန်း ဒုစခန်းမှူး Naib Subedar Md. Salim Uddin ဦးစီးအဖွဲ့၊ စကားပြန်/လမ်းပြ (၃) ဦးတို့သည် မြန်မာနိုင်ငံဘက်ခြမ်း နယ်ခြားမှတ်တိုင်(၅၁)အနီး၌ တွေ့ဆုံဆွေးနွေး၍ မိမိတို့ နိုင်ငံအသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်း အတိုင်း နယ်နိမိတ်မှတ်တိုင်(၅၁)မှ (၅၁/၅)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား နှစ်နိုင်ငံနယ်နမိတ်တစ်လျှောက် မြေပြင်၊ ရေပြင် ကင်းလှည့်ခြင်းကို နှစ်ဖက်သက်ဆိုင်ရာတပ်ဖွဲ့များ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နေကြခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့ နေ့လည်(၃)နာရီ(၁၅)မိနစ်ခန့်က နယ်နမိတ် လှည့်ကင်းဆောင်ရွက်နေသည့် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့ကို တစ်ဖက်နိုင်ငံမှ စိစစ်ဆဲအဖွဲ့က ချောင်းမြောင်းပစ်ခတ်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကာ၊ တစ်ဦးသေဆုံးသွားခဲ့သည်။


ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို စနစ်တကျစိစစ်လက်ခံနိုင်ရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆောင်ရွက်နေကြခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား နယ်နမိတ်တစ်လျှောက် ရေပြင် မြေပြင်ကင်းလှည့်ခြင်းကို နှစ်ဖက်သက်ဆိုင်ရာတပ်ဖွဲ့များက ဆောင်ရွက်နေကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂Unicode Version ~~~~~~~~

မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နမိတ် မြပြေင်လှည့်ကင်းကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် (၁၀)နာရီခွဲမှ နေ့လယ်(၁၂)နာရီအထိ မောင်တောမြို့နယ်၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့်တပ်တို့ ညှိနှိုင်းဆောင်ရွက်ကြကြောင်း သိရသည်။

မောင်တောမြို့နယ်၊ အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ အောင်သပြေနယ်မြေရုံးမှ ယာယီရဲမှူး အောင်ဆွေဦး ဦးစီးအဖွဲ့၊ စကားပြန် (၁) ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၁၁) နယ်ခြားစောင့်တပ် Panchari ကင်းစခန်း ဒုစခန်းမှူး Naib Subedar Md. Salim Uddin ဦးစီးအဖွဲ့၊ စကားပြန်/လမ်းပြ (၃) ဦးတို့သည် မြန်မာနိုင်ငံဘက်ခြမ်း နယ်ခြားမှတ်တိုင်(၅၁)အနီး၌ တွေ့ဆုံဆွေးနွေး၍ မိမိတို့ နိုင်ငံအသီးသီး အတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်း အတိုင်း နယ်နိမိတ်မှတ်တိုင်(၅၁)မှ (၅၁/၅)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြပြေင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား နှစ်နိုင်ငံနယ်နမိတ်တစ်လျှောက် မြပြေင်၊ ရပြေင် ကင်းလှည့်ခြင်းကို နှစ်ဖက်သက်ဆိုင်ရာတပ်ဖွဲ့များ ညှိနှိုင်းဆွေးနွေးဆောင်ရွက်နကြခြေင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့ နေ့လည်(၃)နာရီ(၁၅)မိနစ်ခန့်က နယ်နမိတ် လှည့်ကင်းဆောင်ရွက်နေသည့် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့ကို တစ်ဖက်နိုင်ငံမှ စိစစ်ဆဲအဖွဲ့က ချောင်းမြောင်းပစ်ခတ်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကာ၊ တစ်ဦးသေဆုံးသွားခဲ့သည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်မှ ကျူးလွန်သည့်အဖွဲ့အားအတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး အောင်ဇူနယ်မြေ ရဲစခန်းတွင် (ပ)၁၅/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၀၇ ဖြင့်အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို စနစ်တကျစိစစ်လက်ခံနိုင်ရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆောင်ရွက်နကြခြေင်းဖြစ်ပြီး နှစ်နိုင်ငံကြား နယ်နမိတ်တစ်လျှောက် ရပြေင် မြပြေင်ကင်းလှည့်ခြင်းကို နှစ်ဖက်သက်ဆိုင်ရာတပ်ဖွဲ့များက ဆောင်ရွက်နကြခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~