ပူတာအိုခရိုင္အတြင္း ဖုန္ကန္ရာဇီေရခဲေတာင္ေဒသတြင္ စြန္႔ပစ္အမိႈက္မ်ားရွင္းလင္းမည့္ စိမ္းလန္းဖုန္ကန္အဖြဲ႕ ခရီးစဥ္ စတင္

ပူတာအိုခရိုင္အတြင္း ဖုန္ကန္ရာဇီေရခဲေတာင္ေဒသတြင္ စြန္႔ပစ္အမိႈက္မ်ားရွင္းလင္းမည့္ စိမ္းလန္းဖုန္ကန္အဖြဲ႕ ခရီးစဥ္ စတင္
နိုဝင်ဘာ 20, 2018
By Tachileik News Agency

ကခ်င္ျပည္နယ္ ဖုန္ကန္ရာဇီေရခဲေတာင္ေဒသတြင္ အမိႈက္ရွင္းလင္းမည့္ စိမ္းလန္းဖုန္ကန္အဖြဲ႕၏ ခရီးစဥ္ကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၀)ရက္ေန႔တြင္ စတင္လုိက္ေၾကာင္း သိရသည္။

စိမ္းလန္းဖုန္ကန္အဖြဲ႕ဝင္ (၅၀)ဦးခန္႔ႏွင့္ လုိက္ပါပို႔ေဆာင္မည့္ အထမ္းအဖြဲ႕ (၅၀) ဦးခန္႔ ပါဝင္မည့္အဖြဲ႕ျဖင့္ (၉)ရက္ၾကာ ခရီးသြားေရာက္ၿပီး ေရခဲေတာင္တစ္ေလွ်ာက္ စြန္႔ပစ္ပလတ္စတစ္ႏွင့္ စြန္႔ပစ္အမိႈက္မ်ား ကင္းစင္ေရး လုပ္ေဆာင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

ေဒသခံမ်ားအတြက္ ေရခဲေတာင္ေဒသ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးရန္ လိုအပ္သကဲ့သို႔ ခရီးသြားလုပ္ငန္း၏ ေနာက္ဆက္တြဲျဖစ္လာမည့္ စြန္႔ပစ္အမိႈက္မ်ားေၾကာင့္ ေရခဲေတာင္ေဒသ မပ်က္စီးေစရန္အတြက္ ႀကိဳတင္ကာကြယ္မႈမ်ား ဝိုင္းဝန္းလုပ္ေဆာင္ၾကရန္အတြက္ ေဒသခံမ်ားႏွင္႔ ခရီးသြားလုပ္ငန္းရွင္မ်ား၊ သဘာပတ္၀န္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႔မ်ား ပူးေပါင္းၿပီး စိမ္းလန္းဖုန္ကန္အသင္းကို ဖြဲ႕စည္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စိုင္းခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ် ဖုန်ကန်ရာဇီရေခဲတောင်ဒေသတွင် အမှိုက်ရှင်းလင်းမည့် စိမ်းလန်းဖုန်ကန်အဖွဲ့၏ ခရီးစဉ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် စတင်လိုက်ကြောင်း သိရသည်။

စိမ်းလန်းဖုန်ကန်အဖွဲ့ဝင် (၅၀)ဦးခန့်နှင့် လိုက်ပါပို့ဆောင်မည့် အထမ်းအဖွဲ့ (၅၀) ဦးခန့် ပါဝင်မည့်အဖွဲ့ဖြင့် (၉)ရက်ကြာ ခရီးသွားရောက်ပြီး ရေခဲတောင်တစ်လျှောက် စွန့်ပစ်ပလတ်စတစ်နှင့် စွန့်ပစ်အမှိုက်များ ကင်းစင်ရေး လုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံများအတွက် ရေခဲတောင်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် လိုအပ်သကဲ့သို့ ခရီးသွားလုပ်ငန်း၏ နောက်ဆက်တွဲဖြစ်လာမည့် စွန့်ပစ်အမှိုက်များကြောင့် ရေခဲတောင်ဒေသ မပျက်စီးစေရန်အတွက် ကြိုတင်ကာကွယ်မှုများ ဝိုင်းဝန်းလုပ်ဆောင်ကြရန်အတွက် ဒေသခံများနှင့် ခရီးသွားလုပ်ငန်းရှင်များ၊ သဘာပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ ပူးပေါင်းပြီး စိမ်းလန်းဖုန်ကန်အသင်းကို ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုင်းခမ်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~