"ကြ်န္ေတာ္တုိ႔နဲ႔အတူ ရဲတပ္ဖြဲ႕က လုိက္လံ ကင္းလွည့္ေပးေနတာ ဒါနဲ႔ဆို (၂)ႀကိမ္ရိွသြားပါၿပီ။ အခုက ရပ္ကြက္ထဲမွာ ညပိုင္းကင္းလွည့္ေတာ့ ေဆးသံုးတဲ့လူငယ္ေတြက ေန႔ပိုင္းေျပာင္းသြားတယ္။ ဒါေၾကာင့္ ေန႔ပိုင္း လွည့္ကင္းဆက္လုပ္ေနတာပါ”ဟု မယ္ေခါင္ရပ္ကြက္ ရာအိမ္မွဴး ဦးရဲမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မယ္ေခါင္ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕က ရပ္ကြက္အတြင္း ေလာင္းကစားဂိမ္းခံုမ်ား ဖြင့္လွစ္မႈ မရိွေစေရးႏွင့္ မူးယစ္ေဆးဝါးသံုးစြဲသူမ်ား မရိွေစေရးအတြက္ ရပ္ကြက္အတြင္း လွည့္ကင္းလုပ္ေဆာင္ျခင္းကို ေဆာင္ရြက္ေနၾကရာ ရဲတပ္ဖြဲ႕က ပူးေပါင္းေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
"ကြ်န္ေတာ္တုိ႔ ရဲတပ္ဖြဲ႕အေနနဲ႔ ပံုမွန္အတုိင္း လွည့္ကင္း၊ ပတ္ကင္း၊ ပိတ္ဆို႔ ဒါေတြ လုပ္ေနပါတယ္။ ရပ္ကြက္ေတြအေနန႔ဲ ဒီလိုကိုယ္ထူကိုယ္ထ လွည့္ကင္းေဆာင္ရြက္ၾကတာေတြကိုလည္း ကၽြန္ေတာ္တုိ႔ ရဲတပ္ဖြဲ႕အေနနဲ႔ အင္အားထည့္ေပးၿပီး လုပ္ေဆာင္ေပးသြားမယ္ဆိုတဲ့အေၾကာင္း ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြကို အသိေပးထားပါတယ္”ဟု တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီးေပၚထြန္းက ေျပာသည္။
မယ္ေခါင္ရပ္ကြက္အတြင္း ေန႔ပိုင္း လွည့္ကင္းကို ရပ္ကြက္အုပ္ခ်ဳပ္ေရး၊ ျပည္သူ႔စစ္ႏွင့္ ရဲတပ္ဖြဲ႕တုိ႔ ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ရပ္ကြက္တြင္း မူးယစ္ေဆးဝါးသုံးစြဲသူမ်ား ခိုေအာင္းတတ္သည့္ ေနရာမ်ားကို လိုက္လံ စစ္ေဆးခဲ့ၿပီး မူးယစ္ေဆး သံုးေနသူမ်ားကို ေတြ႔ရိွပါက သတိေပးတားျမစ္ျခင္းမ်ား ေဆာင္ရြက္ ၾကသည္ကို ေတြ႔ရသည္။
တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ရပ္ကြက္မ်ားတြင္ ေလာင္းကစားဂိမ္းခံုမ်ား ဖြင့္လွစ္ျခင္း မရိွေစရန္ႏွင့္ ဖြင့္လွစ္ထားပါက သက္ဆိုင္ရာသို႔ အေၾကာင္းၾကားရန္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားကို ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း လက္မွတ္ထိုးထားေစၿပီးေနာက္ မယ္ေခါင္ရပ္ကြက္ လူထုျဖင့္ လွည့္ကင္း ေဆာင္ရြက္ျခင္းကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၂)ရက္ေန႔က ပထမဆံုးအႀကိမ္အျဖစ္ စတင္ေဆာင္ရြက္ခဲ့ျခင္း ျဖစ္သည္။
သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း
"ကျွန်တော်တို့နဲ့အတူ ရဲတပ်ဖွဲ့က လိုက်လံ ကင်းလှည့်ပေးနေတာ ဒါနဲ့ဆို (၂)ကြိမ်ရှိသွားပါပြီ။ အခုက ရပ်ကွက်ထဲမှာ ညပိုင်းကင်းလှည့်တော့ ဆေးသုံးတဲ့လူငယ်တွေက နေ့ပိုင်းပြောင်းသွားတယ်။ ဒါကြောင့် နေ့ပိုင်း လှည့်ကင်းဆက်လုပ်နေတာပါ”ဟု မယ်ခေါင်ရပ်ကွက် ရာအိမ်မှူး ဦးရဲမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မယ်ခေါင်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်အတွင်း လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်မှု မရှိစေရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ မရှိစေရေးအတွက် ရပ်ကွက်အတွင်း လှည့်ကင်းလုပ်ဆောင်ခြင်းကို ဆောင်ရွက်နကြေရာ ရဲတပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ပုံမှန်အတိုင်း လှည့်ကင်း၊ ပတ်ကင်း၊ ပိတ်ဆို့ ဒါတွေ လုပ်နေပါတယ်။ ရပ်ကွက်တွေအနေနဲ့ ဒီလိုကိုယ်ထူကိုယ်ထ လှည့်ကင်းဆောင်ရွက်ကြတာတွေကိုလည်း ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ အင်အားထည့်ပေးပြီး လုပ်ဆောင်ပေးသွားမယ်ဆိုတဲ့အကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အသိပေးထားပါတယ်”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးပေါ်ထွန်းက ပြောသည်။
မယ်ခေါင်ရပ်ကွက်အတွင်း နေ့ပိုင်း လှည့်ကင်းကို ရပ်ကွက်အုပ်ချုပ်ရေး၊ ပြည်သူ့စစ်နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရပ်ကွက်တွင်း မူးယစ်ဆေးဝါးသုံးစွဲသူများ ခိုအောင်းတတ်သည့် နေရာများကို လိုက်လံ စစ်ဆေးခဲ့ပြီး မူးယစ်ဆေး သုံးနေသူများကို တွေ့ရှိပါက သတိပေးတားမြစ်ခြင်းများ ဆောင်ရွက် ကြသည်ကို တွေ့ရသည်။
တာချီလိတ်မြို့နယ်အတွင်း ရပ်ကွက်များတွင် လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ခြင်း မရှိစေရန်နှင့် ဖွင့်လှစ်ထားပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း လက်မှတ်ထိုးထားစပြေီးနောက် မယ်ခေါင်ရပ်ကွက် လူထုဖြင့် လှည့်ကင်း ဆောင်ရွက်ခြင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း