ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ ဂေါ်ရခါးလူမျိုးများ၏ ရိုးရာပွဲတော်ဖြစ်သည့် ဒီပါဝလီပွဲတော် အခမ်းအနားအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့ နံနက်က ကျင်းပသည်။
ဒီပါဝလီပွဲတော် အခမ်းအနားကို နံနက်(၁၁)နာရီတွင် စတင်ကျင်းပရာ၌ တက်ရောက်လာသူများက မြန်မာနိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦးနှင့် တာချီလိတ်ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးဆူရာပါ(ခ်ျ)တို့က ရိုးရာဆီမီးထွန်းညှိပူဇော်ခြင်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ တာချီလိတ်ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့၏ ဥက္ကဌ ဦးတင်ရွှေက နှုတ်ဆက်စကားပြောခြင်း၊ တာချီလိတ်ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့၏ ဂေါ်ရခါးစာပေပညာရေးမှူး ဦးဌာနေဆိုရ်က ဒီပါဝလီပွဲတော် အကြောင်း ရှင်းလင်းပြောပြခြင်း၊ တာချီလိတ်ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့၏ အတွင်းရေးမှူး ဒေါက်တာဂျီဝမ်းက ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသည့် ဧည့်သည်များကို အစားအသောက်များ တည်ခင်း ဧည့်ခံခြင်းနှင့် ဂေါ်ရခါးရိုးရာအကများဖြင့် ဖျော်ဖြေကြခြင်းဖြစ်သည်။
တာချီလိတ်မြို့ရှိ ဂေါ်ရခါးလူမျိုးများအနေဖြင့် ဒီပဝလီပွဲတော်အား ရိုးရာအစဉ်အလာအတိုင်း ကျင်းပနေခဲ့ရာမှ လွန်ခဲ့သည့် (၃)နှစ်မှစတင်၍ ဌာနဆိုင်ရာများ၊ ဧည့်သည်များဖိတ်ကြားပြီး အောင်မြတ်ခန်းမတွင် ကျင်းပလာခြင်းဖြစ်ကြောင်း သိရသည်။
"ဒီပါဝလီဆိုတာ ဒီပနဲ့ အာဝလီဆိုတဲ့ စကားလုံးနှစ်ရပ်ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဒီပဆိုတာက အမှောင်ထုကို ဖယ်ရှားခြင်း၊ အလင်းဆောင်ခြင်း၊ မကောင်းမှုရှောင်ပြီး ကောင်းမှုကိုဆောင်ခြင်းဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဒါကြောင့် ဒီပါဝလီဆိုတာ စည်းလုံးညီညွတ်စွာဖြင့် အမှောင်ထုကို ဖယ်ရှားပြီး အလင်းဆောင်စခြေင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်”ဟု တာချီလိတ်ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့၏ ဂေါ်ရခါးစာပေပညာရေးမှူး ဦးဌာနေဆိုရ်က အခမ်းအနားတွင် ရှင်းပြသည်။
ဒီပါဝလီပွဲတော် အခမ်းအနားကို နံနက်(၁၁)နာရီတွင် စတင်ကျင်းပရာ၌ တက်ရောက်လာသူများက မြန်မာနိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦးနှင့် တာချီလိတ်ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးဆူရာပါ(ချ်)တို့က ရိုးရာဆီမီးထွန်းညှိပူဇော်ခြင်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ တာချီလိတ်ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့၏ ဥက္ကဌ ဦးတင်ရွှေက နှုတ်ဆက်စကားပြောခြင်း၊ တာချီလိတ်ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့၏ ဂေါ်ရခါးစာပေပညာရေးမှူး ဦးဌာနေဆိုရ်က ဒီပါဝလီပွဲတော် အကြောင်း ရှင်းလင်းပြောပြခြင်း၊ တာချီလိတ်ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့၏ အတွင်းရေးမှူး ဒေါက်တာဂျီဝမ်းက ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသည့် ဧည့်သည်များကို အစားအသောက်များ တည်ခင်း ဧည့်ခံခြင်းနှင့် ဂေါ်ရခါးရိုးရာအကများဖြင့် ဖျော်ဖြကြခြေင်းဖြစ်သည်။
“ဒီပါဝလီနေ့ ရောက်တိုင်း ဆည်းဆာနေဝင်ချိန်မှာ အိမ်တိုင်းအိမ်တိုင်း လက်ချ်မီးမယ်တော်ထံတိုင်တည်ပြီး ဆီမီးထွန်းညှိကာ သတ္တဝါများ ချမ်းသာကြပါစေ ဆုတောင်းကြပါတယ်။ မောင်နှမများစုစည်းကာ နဖူးမှာ တီကားဆိုတဲ့ ရောင်စုံခြယ်သ၊ ပန်းကုံးစွပ်ပြီး တစ်ဦးကိုတစ်ဦး ဆုတောင်းမေတ္တာ ပို့သကြပါတယ်။ နဖူးမှာ ခြယ်သတဲ့ တီကားမှာပါတဲ့ အဖြူရောင်က ဖြူစင်ရိုးသားခြင်း၊ အနီရောင်က ရဲရင့်ခြင်း တောက်ပခြင်း၊ အဝါရောင်က သည်းခံစွန့်လွှတ်ခြင်း၊ အစိမ်းရောင်က ငြိမ်းချမ်းခြင်း၊ အပြာရောင်က တည်ကြည် ဖြောင့်မတ်ခြင်း အဓိပ္ပါယ်ဖြစ်ပါတယ်။ ပန်းကုံးကတော့ ကြိုးတစ်ချောင်းထဲမှာ ပန်းတစ်ပွင့်ချင်းစီ သီကုံးတာက စုစည်းခြင်း၊ ညီညွတ်ခြင်းဆိုတာ မိသားစုအသိုင်းအဝိုင်းများ စုစည်းညီညွတ်ခြင်းဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပါတယ်”ဟု တာချီလိတ်ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့၏ ဂေါ်ရခါးစာပေပညာရေးမှူး ဦးဌာနေဆိုရ်က ဒီပါဝလီနေ့အကြောင်း ရှင်းပြသည်။
အဆိုပါ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး၊ တာချီလိတ်ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်ကို တွေ့ရသည်။
တာချီလိတ်မြို့ရှိ ဂေါ်ရခါးလူမျိုးများအနဖြေင့် ဒီပဝလီပွဲတော်အား ရိုးရာအစဉ်အလာအတိုင်း ကျင်းပနေခဲ့ရာမှ လွန်ခဲ့သည့် (၃)နှစ်မှစတင်၍ ဌာနဆိုင်ရာများ၊ ဧည့်သည်များဖိတ်ကြားပြီး အောင်မြတ်ခန်းမတွင် ကျင်းပလာခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း