မူဆယ္ၿမိဳ႕ရွိ ေစ်းေကာ္မတီရံုးေနရာကို ျမန္မာ - တရုတ္ႏွစ္ႏုိင္ငံစစ္ေဆးတုိင္းတာမႈ ၿပီးဆံုးသည္အထိ အေဆာက္အဦတည္ေဆာက္မႈကို ဆိုင္းငံ့ထားမည္

မူဆယ္ၿမိဳ႕ရွိ ေစ်းေကာ္မတီရံုးေနရာကို ျမန္မာ - တရုတ္ႏွစ္ႏုိင္ငံစစ္ေဆးတုိင္းတာမႈ ၿပီးဆံုးသည္အထိ အေဆာက္အဦတည္ေဆာက္မႈကို ဆိုင္းငံ့ထားမည္
အောက်တိုဘာ 30, 2018
By Tachileik News Agency
ျမန္မာ - တရုတ္နယ္စပ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ ဆင္ျဖဴေစ်းပတ္လမ္းတြင္ ေစ်းေကာ္မတီရံုး တည္ေဆာက္ေနသည့္ ေနရာကို ႏွစ္ႏုိင္ငံျပည္ေထာင္စုအဆင့္အဖြဲ႕မ်ားျဖင့္ စစ္ေဆးတုိင္းတာမႈ ျပဳလုပ္ၿပီးသည္ အထိ အေဆာက္အဦ ေဆာက္လုပ္မႈကို ဆိုင္းငံ့ထားရန္ ႏွစ္ႏုိင္ငံ နယ္စပ္ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၏ အစည္းအေဝးတြင္ သေဘာတူထားေၾကာင္း သိရသည္။

“ႏွစ္ဖက္စလံုး ျပည္ေထာင္စုအဆင့္ဆင္းၿပီး တုိင္းတာၿပီးမွ ဆက္လက္ေဆာင္ရြက္ဖို႔ ေျပာတာေပါ့။ သူတို႔ဘက္ကလည္း ဟိုတစ္ခါကလို လက္နက္ကိုင္ဝင္လာတာမ်ိဳးေတြ မလုပ္ဖို႔ ဒီဘက္က ေျပာတာေပါ့။ သူတုိ႔ဘက္ကလည္း ဒီေနရာမွာ နယ္နမိတ္အျငင္းပြားေနတုန္းမွာ အေဆာက္အဦ ဆက္မလုပ္ဖို႔ ေျပာပါတယ္” ဟု မူဆယ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ သတင္းျပန္ၾကားေရးအရာရိွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္သန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - တရုတ္နယ္စပ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕ ခရိုင္အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနရံုးတြင္ ျမန္မာ - တရုတ္ ႏွစ္ႏိုင္ငံနယ္စပ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား ေတြ႔ဆံုေဆြးေႏြးပြဲကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၃၀)ရက္ေန႔ နံနက္(၉)နာရီခြဲက က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဓိက ကေတာ့ ဒီဇင္ဘာထဲမွာ က်င္းပမည့္ ကုန္စည္ျပပြဲရယ္၊ ႏွစ္ႏုိင္ငံျဖတ္ေက်ာ္ မာရသြန္ၿပိဳင္ပြဲရယ္၊ လတ္တေလာနယ္ေျမမွာ ဟိုဘက္ ဒီဘက္ နယ္နမိတ္ကိစၥရပ္ေလးေတြ အဲဒါေတြ ေဆြးေႏြးတာပါ”ဟု မူဆယ္ခရိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန၏ သတင္းျပန္ၾကားေရးအရာရိွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္သန္းက ေျပာသည္။

အဆိုပါ အစည္းအေဝးသို႔ ျမန္မာႏုိင္ငံဘက္မွ မူဆယ္ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီမွ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး၊ ခရိုင္ရဲတပ္ဖြဲ႕မွဴး၊ စည္ပင္သာယာေရးဌာန၊ ခရိုင္ဥပေဒ၊ ခရိုင္လူဝင္ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အားဦးစီးဌာန၊ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရး၊ ခရိုင္အားကစားႏွင့္ ကာယပညာ ဦးစီးဌာနတုိ႔ တက္ေရာက္ၾကၿပီး တ႐ုတ္ႏုိင္ငံ ဘက္မွ ေရႊလီ ဒုတိယၿမိဳ႕ေတာ္ဝန္ဦးေဆာင္သည့္ (၇)ဦးအဖြဲ႕တို႔ တက္ေရာက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

မူဆယ္ၿမိဳ႕ ဆင္ျဖဴေစ်း၊ ေစ်းပတ္လမ္းတြင္ ေဆာက္ေနသည့္ ေစ်းေကာ္မတီအေဆာက္အဦသည္ တရုတ္နယ္နမိတ္တြင္ ပါဝင္သည္ဟုဆိုကာ တရုတ္ႏုိင္ငံ က်ယ္ေဂါင္နယ္ျခားေစာင့္ ေျပာက္က်ား ရဲတပ္ဖြဲ႕က ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၇)ရက္ေန႔ နံနက္ (၈)နာရီ (၁၀)မိနစ္တြင္ တင့္ကား(၃)စီး၊ စစ္သံုးကား (၁)စီး၊ ဘာတီအရပ္ကား အေသး (၁၁)စီးတို႔ကို မူဆယ္ၿမိဳ႕တစ္ဖက္ျခမ္း တရုတ္ႏုိင္ငံဘက္၌ ရပ္တန္႔ထားၿပီး မူဆယ္ၿမိဳ႕ ဆင္ျဖဴေစ်းပတ္လမ္း၊ မူဆယ္ၿမိဳ႕မရဲစခန္း၏ အေနာက္ဘက္ (၅)ဖာလံုခန္႔ နယ္ျခားမွတ္တုိင္အမွတ္ BP 81 ႏွင့္ BP 82 ၾကား တရားမဝင္အေပါက္မွေန၍ ရဲစခန္းမွဴး လီက်န္းခ်န္းဦးစီးသည့္ တရုတ္လက္နက္ကိုင္ ေျပာက္က်ားရဲ (၁၃)ဦး၊ လက္နက္မဲ့ (၁၇)ဦး ေပါင္း (၃၀)ဦးတို႔က ဝင္ေရာက္လာခဲ့ၾကရာ မူဆယ္ခရိုင္တာဝန္ရိွသူမ်ားက တရုတ္ႏုိင္ငံဘက္သို႔ ကန္႔ကြက္စာပို႔ခဲ့ရျခင္းျဖစ္သည္။

တရုတ္ႏုိင္ငံႏွင့္ နယ္နမိတ္ထိစပ္ေနသည့္ မူဆယ္ခရိုင္အတြင္း ပန္ဆိုင္း (ၾကဴကုတ္)ၿမိဳ႕နယ္၊ ဖိုင္းေကာင္းရြာ အနီးတြင္လည္း ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၉) ရက္ေန႔က တရုတ္ႏိုင္ငံဘက္မွ ဘက္ဟိုးျဖင့္ ေျမဝင္တူးသျဖင့္ မူဆယ္ခရိုင္တာဝန္ရိွသူမ်ားက တရုုတ္ႏုိင္ငံဘက္သို႔ ေျဖရွင္းခ်က္ေပးရန္ ေတာင္းဆိုစာကို ေပးပို႔ခဲ့ရၿပီး အဆိုပါကိစၥကို သက္ဆုိင္ရာ ေကာင္စစ္ဝန္မ်ားမွတစ္ဆင့္ နုိင္ငံျခားေရးဝန္ႀကီးဌာနမွ ဆက္လက္ေဆာင္ရြက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ဆင်ဖြူဈေးပတ်လမ်းတွင် ဈေးကော်မတီရုံး တည်ဆောက်နေသည့် နေရာကို နှစ်နိုင်ငံပြည်ထောင်စုအဆင့်အဖွဲ့များဖြင့် စစ်ဆေးတိုင်းတာမှု ပြုလုပ်ပြီးသည် အထိ အဆောက်အဦ ဆောက်လုပ်မှုကို ဆိုင်းငံ့ထားရန် နှစ်နိုင်ငံ နယ်စပ် အုပ်ချုပ်ရေးအဖွဲ့များ၏ အစည်းအဝေးတွင် သဘောတူထားကြောင်း သိရသည်။

“နှစ်ဖက်စလုံး ပြည်ထောင်စုအဆင့်ဆင်းပြီး တိုင်းတာပြီးမှ ဆက်လက်ဆောင်ရွက်ဖို့ ပြောတာပေါ့။ သူတို့ဘက်ကလည်း ဟိုတစ်ခါကလို လက်နက်ကိုင်ဝင်လာတာမျိုးတွေ မလုပ်ဖို့ ဒီဘက်က ပြောတာပေါ့။ သူတို့ဘက်ကလည်း ဒီနေရာမှာ နယ်နမိတ်အငြင်းပွားနေတုန်းမှာ အဆောက်အဦ ဆက်မလုပ်ဖို့ ပြောပါတယ်” ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သတင်းပြန်ကြားရေးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ နံနက်(၉)နာရီခွဲက ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ ဒီဇင်ဘာထဲမှာ ကျင်းပမည့် ကုန်စည်ပြပွဲရယ်၊ နှစ်နိုင်ငံဖြတ်ကျော် မာရသွန်ပြိုင်ပွဲရယ်၊ လတ်တလောနယ်မြေမှာ ဟိုဘက် ဒီဘက် နယ်နမိတ်ကိစ္စရပ်လေးတွေ အဲဒါတွေ ဆွေးနွေးတာပါ”ဟု မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ သတင်းပြန်ကြားရေးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ မူဆယ်ခရိုင်စီမံခန့်ခွဲရေးကော်မတီမှ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ စည်ပင်သာယာရေးဌာန၊ ခရိုင်ဥပဒေ၊ ခရိုင်လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ တက်ရောက်ကြပြီး တရုတ်နိုင်ငံ ဘက်မှ ရွှေလီ ဒုတိယမြို့တော်ဝန်ဦးဆောင်သည့် (၇)ဦးအဖွဲ့တို့ တက်ရောက်ကြခြင်းဖြစ်ကြောင်း သိရသည်။

မူဆယ်မြို့ ဆင်ဖြူဈေး၊ ဈေးပတ်လမ်းတွင် ဆောက်နေသည့် ဈေးကော်မတီအဆောက်အဦသည် တရုတ်နယ်နမိတ်တွင် ပါဝင်သည်ဟုဆိုကာ တရုတ်နိုင်ငံ ကျယ်ဂေါင်နယ်ခြားစောင့် ပြောက်ကျား ရဲတပ်ဖွဲ့က ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက် (၈)နာရီ (၁၀)မိနစ်တွင် တင့်ကား(၃)စီး၊ စစ်သုံးကား (၁)စီး၊ ဘာတီအရပ်ကား အသေး (၁၁)စီးတို့ကို မူဆယ်မြို့တစ်ဖက်ခြမ်း တရုတ်နိုင်ငံဘက်၌ ရပ်တန့်ထားပြီး မူဆယ်မြို့ ဆင်ဖြူဈေးပတ်လမ်း၊ မူဆယ်မြို့မရဲစခန်း၏ အနောက်ဘက် (၅)ဖာလုံခန့် နယ်ခြားမှတ်တိုင်အမှတ် BP 81 နှင့် BP 82 ကြား တရားမဝင်အပေါက်မှနေ၍ ရဲစခန်းမှူး လီကျန်းချန်းဦးစီးသည့် တရုတ်လက်နက်ကိုင် ပြောက်ကျားရဲ (၁၃)ဦး၊ လက်နက်မဲ့ (၁၇)ဦး ပေါင်း (၃၀)ဦးတို့က ဝင်ရောက်လာခဲ့ကြရာ မူဆယ်ခရိုင်တာဝန်ရှိသူများက တရုတ်နိုင်ငံဘက်သို့ ကန့်ကွက်စာပို့ခဲ့ရခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် မူဆယ်ခရိုင်အတွင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ်၊ ဖိုင်းကောင်းရွာ အနီးတွင်လည်း ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့က တရုတ်နိုင်ငံဘက်မှ ဘက်ဟိုးဖြင့် မြေဝင်တူးသဖြင့် မူဆယ်ခရိုင်တာဝန်ရှိသူများက တရုတ်နိုင်ငံဘက်သို့ ဖြေရှင်းချက်ပေးရန် တောင်းဆိုစာကို ပေးပို့ခဲ့ရပြီး အဆိုပါကိစ္စကို သက်ဆိုင်ရာ ကောင်စစ်ဝန်များမှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆက်လက်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~