~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
နာမည်ကျော် မိတ်ကပ်ခင်စန်းဝင်းဆီက မိတ်ကပ်အလှပြင်နဲ့ ဆံထုံးအလှပြင်ပညာကို ရန်ကုန်ထိ သွားစရာ မလိုဘဲ တာချီလိတ်မှာပဲ သင်ယူနိုင်အောင် တာချီလိတ်ရဲ့ သဇင် အလှပြင်ဆိုင်က သင်တန်း စီစဉ်ထားပြီဖြစ်ပါတယ်။
မိတ်ကပ်ခင်စန်းဝင်း ကိုယ်တိုင် လာရောက်သင်ကြားပေးမယ့် မိတ်ကပ်၊ ဆံထုံးအလှပြင်သင်တန်းကို တာချီလိတ်မြို့က သဇင်အလှပြင်ဆိုင်မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့ကနေ (၃၀)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်လို့ ဇူလိုင်လ (၂၃)မှာ နောက်ဆုံးစာရင်းပေးသွင်းနိုင်ကြပါပြီ။
အလှပြင် ပညာရှင်တစ်ယောက်အဖြစ် သက်မွေးဝမ်းကြောင်းလုပ်ကိုင်နေသူတွေသာမက မိတ်ကပ်၊ ဆံထုံးကို အိမ်မှာပဲ ကိုယ်တိုင်ပြုပြင်ချင်သူတွေပါ အချိန်အများကြီးပေးစရာမလိုဘဲ တက်ရောက်နိုင်အောင် စီစဉ်ထားတဲ့ သင်တန်းဖြစ်ပါတယ်။
အလှပြင် ပညာရှင်တစ်ယောက်အဖြစ် မိတ်ကပ်၊ ဆံထုံးပြင်ဆင်ခြင်းကို သင်ကြားလိုသူတွေအနေနဲ့ (၅)ရက်သာ သင်တန်းအတွက် သင်တန်းကြေး ကျပ်(၅)သိန်းသတ်မှတ်ထားပြီး မိမိကိုယ်တိုင် အလှပြင်လိုသူတွေ အနေနဲ့ သင်တန်းကာလ (၅)ရက် အတွင်း ကြိုက်နှစ်သက်ရာ (၁)ရက်ကို ကျပ် တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။
သင်တန်းဆင်းတဲ့အချိန်မှာ Certificate လည်း ချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်။
သင်တန်းဖွင့်လှစ်မည့်နေရာ
သဇင်အလှပြုပြင်ရေးဆိုင်၊ အလိုတော်ပြည့်လမ်းထိပ်၊ ပါလျှံ (၁)လမ်း၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့
စာရင်းပေးသွင်းသူတွေရှိနပြေီဖြစ်လို့ မြန်မြန်ဆက်သွယ်စာရင်းပေးသွင်းကြပါနော်
ဝ၉ ၄၄၅၀၆၄၂၀၂၊ ဝ၉ ၇၆၆၆၈၂၄၇၂