ထိုင္းႏုိင္ငံအတြင္း နယ္ေျမေက်ာ္သြားေရာက္သည့္ ရွမ္းျပည္နယ္မွ အမ်ိဳးသားေလးဦးအား ထုိင္းႏုိင္ငံက လႊဲေျပာင္းေပး

ထိုင္းႏုိင္ငံအတြင္း နယ္ေျမေက်ာ္သြားေရာက္သည့္ ရွမ္းျပည္နယ္မွ အမ်ိဳးသားေလးဦးအား ထုိင္းႏုိင္ငံက လႊဲေျပာင္းေပး
ဇွန် 11, 2018
By 🌸
ထိုင္းႏုိင္ငံ ဘန္ေကာက္ႏွင့္ ခ်င္းမုိင္သို႔ နယ္ေျမေက်ာ္လြန္သြားလာမႈျဖင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)မွ အမ်ိဳးသား(၃)ဦးႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)မွ အမ်ိဳးသားတစ္ဦး စုစုေပါင္း (၄)ဦးကို ထုိင္းႏုိင္ငံက ဖမ္းဆီးမိၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၁)ရက္ေန႔တြင္ လႊဲေျပာင္းလာေၾကာင္း သိရသည္။

အဆိုပါ လႊဲေျပာင္းလာသူမ်ားအား တာခ်ီလိတ္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာဌာန၊ လူကုန္ကူးမွဳ တုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕၊ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညိႇႏွိဳင္းေရးေကာ္မတီဝင္ (CNCMC) တုိ႔က လက္ခံႀကိဳဆုိခဲ့ၾကေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္မႈျဖင့္ ဖမ္းဆီးထိန္းသိမ္းခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕မ်ားသို႔ ထုိင္းႏုိင္ငံက လႊဲေျပာင္းေပးေလ့ရိွရာ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးလာသည့္ဦးေရမွာ ၂၀၁၈ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇြန္လ(၁၁)ရက္ေန႔အထိ အမ်ိဳးသား(၂၃၇)ဦး၊ အမ်ိဳးသမီး(၁၀၅)ဦးႏွင့္ ကေလး(၁၅) ဦး၊ စုစုေပါင္း ( ၃၅၇) ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု  #ၿမိဳ႕နယ္ေထြ/အုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံအတွင်း နယ်မြေကျော်သွားရောက်သည့် ရှမ်းပြည်နယ်မှ အမျိုးသားလေးဦးအား ထိုင်းနိုင်ငံက လွှဲပြောင်းပေး
**********
ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချင်းမိုင်သို့ နယ်မြေကျော်လွန်သွားလာမှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အမျိုးသား(၃)ဦးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ အမျိုးသားတစ်ဦး စုစုပေါင်း (၄)ဦးကို ထိုင်းနိုင်ငံက ဖမ်းဆီးမိပြီးနောက် တာချီလိတ်မြို့သို့ ၂၀၁၈ ခုနှစ် ဇွန်လ (၁၁)ရက်နေ့တွင် လွှဲပြောင်းလာကြောင်း သိရသည်။

အဆိုပါ လွှဲပြောင်းလာသူများအား တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဝင် (CNCMC) တို့က လက်ခံကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအား မြန်မာ - ထိုင်းနယ်စပ်မြို့များသို့ ထိုင်းနိုင်ငံက လွှဲပြောင်းပေးလေ့ရှိရာ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးလာသည့်ဦးရေမှာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ အမျိုးသား(၂၃၇)ဦး၊ အမျိုးသမီး(၁၀၅)ဦးနှင့် ကလေး(၁၅) ဦး၊ စုစုပေါင်း ( ၃၅၇) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ  #မြို့နယ်ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~