မေကြးတိုင္းေဒသႀကီး အထက္မင္းလွၿမိဳ႕ အမွတ္(၁)ရပ္ကြက္ရိွ ယာခင္းအတြင္း ထြန္ယက္ရာမွ ေရွးေဟာင္း ေၾကးပန္းကန္ျပားမ်ားဟု ယူဆရသည့္ ပန္းကန္(၃၃)ခ်ပ္ကို ဇြန္လ(၂၁)ရက္ေန႔က ေတြ႔ရိွသျဖင့္ ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(မေကြးဌာနခဲြ)၊ မင္းလွၿမိဳ႕နယ္သို႔ ေပးပို႔ထားေၾကာင္း သိရသည္။
“ထြန္စက္နဲ႔ ေျမညိႇရာမွာ ထြန္နဲ႔ၿငိၿပီးေပၚလာတာပါ။ မူလက(၃)ေပေလာက္ေျမကုပ္ယူထားၿပီးသား ယာခင္းျဖစ္ၿပီး ထပ္ၿပီးထြန္စက္နဲ႔ေျမညႇိရာမွာ (၂)ေပေလာက္အနက္က ေတြ႔ရွိရတာပါ။ အားလံုးေပါင္း (၃၃)ခ်ပ္ေတြ႔ရွိရၿပီး ေရွးေဟာင္းသုေတသနဌာနကို စစ္ေဆးနုိင္ေအာင္လို႔ (၃)ခ်ပ္ေပးထားပါတယ္။ ဒီေနရာဟာ အဂၤလိပ္ေခတ္က အရာရွိေတြေနထုိင္သြားတဲ့ ဗိုလ္တဲေနရာေတြလို႔ သိရပါတယ္။ ဒီယာခင္းကို အစက ေရာင္းမယ္လုိ႔စိတ္ကူးတာ။ အခုေတာ့ျခံစည္းရိုးခတ္ၿပီး ဘာေတြ႔နုိင္မလဲထပ္ရွာ ဖုိ႔စိတ္ကူးပါတယ္”ဟု ယာပုိင္ရွင္ဦးျမေသာင္း၏သား ဦးေမာင္ရီက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။
အဆိုပါ ပန္းကန္ျပားမ်ားေတြ႔ရိွေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံအေၾကာင္းၾကား၍ ေရွးေဟာင္း သုုေတသနနွင့္ အမ်ိဳးသားျပတုိက္ဦးစီးဌာန (မေကြးဌာနခြဲ)၊ မင္းလွဌာနစိပ္သုိ႔ (၃)ခ်ပ္ကိုုပုိ႔ေဆာင္ကာ က်န္ပန္းကန္္ျပားမ်ားအား အမွတ္(၁)ရပ္ကြက္ရွိ ယာပုိင္ရွင္ဦးျမေသာင္း၏ ေနအိမ္တြင္ထားရွိေၾကာင္း သိရသည္။
“မေကြးတိုင္းေရွးေဟာင္းသုေတသနနွင့္ အမ်ိဳးသားျပတုိက္ဦးစီးဌာနကို ဆက္လက္တင္ျပထားပါတယ္။ သက္တမ္းဘယ္ေလာက္ရွိၿပီး ဘယ္လုိ အသံုးအေဆာင္ပစၥည္းေတြဆိုတာေတာ့ လက္တေလာ မေျပာနုိင္ေသးပါဘူး”ဟု ေရွးေဟာင္းသုုေတသနနွင့္ အမ်ိဳးသားျပတုိက္ဦးစီးဌာန(မေကြးဌာနခြဲ)၊ မင္းလွဌာနစိတ္မွ ဦးစီးမွဴးေဒၚနီလာထြန္းက ေျပာသည္။
ပန္းကန္မ်ားမွာ အက်ယ္(၇)လက္မခန္႔ ေဇာက္(၂)လက္မခြဲခန္႔ရွိၿပီး (၃၃)ခ်ပ္အနက္ (၁၉)ခ်ပ္မွာ အေကာင္းပကတိအတုိင္းရွိေနၿပီး က်န္ပန္းကန္ျပားမ်ားမွာ ထြန္သြားနွင့္ၿငိ၍ အက်ိဳးအပဲ့ အစိတ္အပိုင္းမ်ား အျဖစ္သာ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ဖီးနစ္
ဓာတ္ပံု - ႀကိမ္လံုး
“ထွန်စက်နဲ့ မြေညှိရာမှာ ထွန်နဲ့ငြိပြီးပေါ်လာတာပါ။ မူလက(၃)ပေလောက်မြေကုပ်ယူထားပြီးသား ယာခင်းဖြစ်ပြီး ထပ်ပြီးထွန်စက်နဲ့မြေညှိရာမှာ (၂)ပေလောက်အနက်က တွေ့ရှိရတာပါ။ အားလုံးပေါင်း (၃၃)ချပ်တွေ့ရှိရပြီး ရှေးဟောင်းသုတေသနဌာနကို စစ်ဆေးနိုင်အောင်လို့ (၃)ချပ်ပေးထားပါတယ်။ ဒီနေရာဟာ အင်္ဂလိပ်ခေတ်က အရာရှိတွေနေထိုင်သွားတဲ့ ဗိုလ်တဲနေရာတွေလို့ သိရပါတယ်။ ဒီယာခင်းကို အစက ရောင်းမယ်လို့စိတ်ကူးတာ။ အခုတော့ခြံစည်းရိုးခတ်ပြီး ဘာတွေ့နိုင်မလဲထပ်ရှာ ဖို့စိတ်ကူးပါတယ်”ဟု ယာပိုင်ရှင်ဦးမြသောင်း၏သား ဦးမောင်ရီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ပန်းကန်ပြားများတွေ့ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံအကြောင်းကြား၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ)၊ မင်းလှဌာနစိပ်သို့ (၃)ချပ်ကိုပို့ဆောင်ကာ ကျန်ပန်းကန်ပြားများအား အမှတ်(၁)ရပ်ကွက်ရှိ ယာပိုင်ရှင်ဦးမြသောင်း၏ နေအိမ်တွင်ထားရှိကြောင်း သိရသည်။
“မကွေးတိုင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို ဆက်လက်တင်ပြထားပါတယ်။ သက်တမ်းဘယ်လောက်ရှိပြီး ဘယ်လို အသုံးအဆောင်ပစ္စည်းတွေဆိုတာတော့ လက်တလော မပြောနိုင်သေးပါဘူး”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မကွေးဌာနခွဲ)၊ မင်းလှဌာနစိတ်မှ ဦးစီးမှူးဒေါ်နီလာထွန်းက ပြောသည်။
ပန်းကန်များမှာ အကျယ်(၇)လက်မခန့် ဇောက်(၂)လက်မခွဲခန့်ရှိပြီး (၃၃)ချပ်အနက် (၁၉)ချပ်မှာ အကောင်းပကတိအတိုင်းရှိနပြေီး ကျန်ပန်းကန်ပြားများမှာ ထွန်သွားနှင့်ငြိ၍ အကျိုးအပဲ့ အစိတ်အပိုင်းများ အဖြစ်သာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - ကြိမ်လုံး