ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားရဲကင်း၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုရန်ဟု ယူဆရသည့် အက်ဆစ်ပေပါ အလုံး(၈၀)ကို တင်ဆောင်လာသည့်ကားအား ဖမ်းဆီးရမိကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း
ဓါတ်ပုံ - ရဲတပ်ဖွဲ့
မူဆယ်မြို့နယ်၊ နမ့်ပေါ်တံတားရဲကင်းမှ ပူးပေါင်းအဖွဲ့က အဆိုပါ အက်ဆစ်ပေပါများအား ၂၀၁၈ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့ ည (၈)နာရီအချိန်က ဖမ်းဆီးရမိခြင်း ဖြစ်သည်။
(၁၂) ဘီးယာဉ်ဖြင့် အက်ဆစ်ပေပါများအား သယ်ဆောင်၍ မောင်းနင်လာသူ ယာဉ်မောင်း အောင်မျိုးဦးအား အမှုဖွင့်စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - ရဲတပ်ဖွဲ့