ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား (၆)ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ် မေလ (၁၈)ရက်နေ့ တွင် လာရောက် လွှဲပြောင်းပေးလာကြောင်း သိရသည်။
သတင်း #စိုင်းဇေယျာ
ထိုင်းဘက်မှ တာဝန်ရှိသူများက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်သို့ လာရောက် လွှဲပြောင်းပေးရာတွင် မြန်မာနိုင်ငံဖက်မှ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေး နှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ( CNCMC ) တို့က လွှဲပြောင်းမှုကို စိစစ်လက်ခံခဲ့ကြကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက တာချီလိတ်သို့ လာရောက်လွှဲပြောင်းလာရာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ မေလ(၁၈)ရက်နေ့အထိ အမျိုးသား (၂၀၂)ဦး၊ အမျိုးသမီး (၈၈)ဦးနှင့် ကလေး(၁၁) ဦး စုစုပေါင်း ( ၃၀၁) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ #မြို့နယ်ထွေ/အုပ်